5-1

57 6 0
                                    

သူ​ပြောလိုက်​တဲ့အထဲဘာအမှားပါသွားသလဲ​တော့မသိ​ပေမယ့်​ ကိုယ့်​ကိုကိုယ်​စကား​တွေအများကြီး​ပြော​နေတဲ့N'Nicကရုတ်​တရက်​ကြီးအိမ်​ပြန်​ဖို့ပြင်​လာတာမို့ Taxiရှာပြီး​တော့ပြန်​ခိုင်းလိုက်​မယ့်​အစား သူဆိုင်​ကယ်​အ​သေး​လေးကိုငှါး​ပေးလိုက်​တယ်​ သူ့ရဲ့လက်​ရှိအ​ခြေအ​နေ​ကြောင့်​သာမဟုတ်​ရင်​ N'Nicကိုအိမ်​ကိုပြန်​လိုက်​ပို့​ပေးမှာဆို​ပေမယ့်​ အခုသူ့အ​ခြေအ​နေကအိမ်​မှာပဲ​နေရမယ့်​အ​ခြေအ​နေဖြစ်​​နေတယ်

Urgh သူ့တစ်​ကိုယ်​လုံးကိုက်​ခဲ​နေတာ​တော့အမှန်​ပဲ

ဒါ​ပေမယ့်

"​ပျော်​လိုက်​တာ"

ထမင်းစားပွဲမှာထိုင်​ပြီးငြိမ်​ငြိမ်​​လေးစား​နေတဲ့Tayက​ခေါင်း​မော့လာပြီး​အော်​ပစ်​လိုက်​တယ်​ သူ့ရဲ့နှုတ်​ခမ်းစွန်း​တွေကအ​ပေါ်ကို​ကော့တက်​သွားပြီး သူ့ပါးကပါးချိုင့်​​လေးကလည်းပြန်​ပြီး​တော့ခွက်​ဝင်​သွားတယ်​ အထူးသဖြင့်​သူချစ်​ခဲ့ရတဲ့ညီ​လေးနဲ့သူနဲ့ကစိတ်​သ​ဘောထားချင်းတူသွားပြီလို့​တွေးမိတဲ့အခိုက်​အတန့်​တိုင်းမှာ​ပေါ့

"ငါလုပ်​တာကသိပ်​ပြီး​တော့မ​ကောင်း​ပေမယ့်​လည်း"

သူနဲ့ N'Nicနဲ့ကမ​နေ့ညကတစ်​​ယောက်​နဲ့တစ်​​ယောက်​ဆက်​သွယ်​မှုရှိခဲ့တာ​တော့မှန်​​ပေမယ့်​ သူ့အ​နေနဲ့ N'Nicစိတ်​​ကျေနပ်​​အောင်​မလုပ်​​ပေးနိုင်​ခဲ့တာ​ကြောင့်​သက်​ပြင်းချလိုက်​မိတယ်

အပြင်​မှာထွက်​​နေတဲ့သတင်း​တွေအရအကုန်​လုံးကN'Nicက​အောက်​ကပဲဆိုပြီး​ပြော​နေကြတယ်​ ​ကော်​ဖီဆိုင်​မှာ​ရောက်​လာတဲ့​ထောင်​​ထောင်​​မောင်း​မောင်းနဲ့အစ်​ကိုကြီးကအဲ့ဒီတစ်​​ခေါက်​ကလွဲပြီး​နောက်​တစ်​​ခေါက်​ထပ်​မ​ပေါ်လာ​တော့တဲ့အခါ သူတို့နှစ်​​ယောက်​ပြတ်​သွားပြီဆိုတဲ့သတင်းကထပ်​ပြီး​တော့ထွက်​လာပြန်​တယ်​ ဒါ​တွေ​ကြောင့်​ပဲTayစိတ်​ထဲမှာ​တွေးမိတာက N'Nicကိုပိုင်​ဆိုင်​ချင်​တယ်​ဆိုသူ့ဘက်​ကအ​ပေါ်မှာ​နေမှရမယ်​ဆိုတာပဲ

မ​နေ့ညကသူ့အ​နေနဲ့ထင်​ရာစိုင်းခဲ့တယ်​ဆို​ပေမယ့်​ တစ်​ဖက်​လူကဘာလို့စိတ်​မချမ်းသာသလိုဖြစ်​​နေရတာလဲ

HTCWhere stories live. Discover now