9

97 7 0
                                    

"ငါတို့ကတွဲ​နေပြီ! ငါတို့ကတွဲ​နေပြီတဲ့!!!!"

သုံး​နေ့နဲ့သုံးညတိတိ စားတဲ့အချိန်​ပဲဖြစ်​ဖြစ်​ ​ရေချိုးတဲ့အချိန်​ပဲဖြစ်​ဖြစ်​ သွားတိုက်​​နေရင်းနဲ့လည်း Tayတစ်​​ယောက်​တလှုပ်​လှုပ်​တရွရွနဲ့ရှိ​နေပြီး ခဏတာပြန်​ငြိမ်​သွားတဲ့အချိန်​မှာပဲဖြစ်​​စေ မိနစ်​တိုင်းမှာသူ့​ခေါင်းထဲကိုအဲ့ဒီစကားလုံး​တွေက​ပေါ်လာခဲ့ပြီး သူ့နှုတ်​ခမ်း​ထောင့်​စွန်း​တွေကအ​ပေါ်ကိုမြင့်​တက်​လာခဲ့သည်​။

တစ်​​နေ့လုံးမျက်​နှာ​ပေါ်မှာအပြုံးတစ်​ခုဆင်​ယင်​ထားပြီး ​ပျော်​ရွှင်​​နေတဲ့သူ့ကိုသူငယ်​ချင်း​တွေက​ရောမိသားစု​တွေကပါလက်​​မြှောက်​ထားလိုက်​သည်​။ဆရာကည်းအတန်းထဲမှာအာရုံမစိုက်​လို့ဆိုပြီးသူ့ကို​ငေါက်​သွား​သေးရဲ့။ 

ဒီလိုအာရုံလွတ်​​နေ​အောင်​သူ့အ​တွေး​တွေကိုဘယ်​သူကပိုင်​စိုးထားလဲဆိုတာက​တော့...

"''Oooooohhhhh! Ouch နာတယ်​ဟ!!!"

အ​တွေးထဲမှာနစ်​မြုပ်​​နေတဲ့​ကောင်​​လေးကချက်​ချင်းကိုပဲအကျယ်​ကြီး​အော်​လိုက်​သည်​။လက်​ကြီးကြီးတစ်​ဖက်​ကလိမ်​ဆွဲတာကိုခံလိုက်​ရတဲ့သူ့နှာ​ခေါင်းက​တော်​​တော်​​လေးကိုနာ​နေပြီး ခဏအကြာမှာပဲသူ့နားထဲကိုဩရှရှအသံတစ်​ခုကစီးဝင်​လာသည်​။

"P'ဘာ​ပြော​နေလဲဆိုတာကိုမကြားလိုက်​ဘူး P'ဘာလို့အ​တွေး​တွေများ​နေတာလဲ?"

ဒါ​ပေါ့ သူ့နှလုံးသားကအမြဲတမ်းN'Nicဆီကိုပဲ​ရောက်​​နေတာ​လေ။

"နာတယ်​လို့​ပြော​နေတာ"

သူN'Nicအ​ကြောင်းကိုပဲ​တွေး​နေမိလို့ဒီလိုဖြစ်​​နေတာပါလို့​ပြောဖို့ကိုရှက်​လွန်း​နေတဲ့ Tayတစ်​​ယောက်​ဟာပထမ​မေးခွန်းကိုပဲပြန်​​ဖြေလိုက်​ပြီး ဒုတိယ​မေးခွန်းကို​တော့မ​ဖြေဘဲ N'Nicရဲ့မျက်​နှာကိုပဲစိုက်​ကြည့်​​နေလိုက်​သည်​။ထူထဲ​နေတဲ့မျက်​ခုံး​တွေနဲ့​ကောင်​​လေးဟာအရင်​လိုချစ်​ဖို့မ​ကောင်း​တော့ဘဲ ပိုပြီး​တော့​ချော​မောလာသလိုခံစား​နေရသည်​။ သူဘာမှဆက်​မ​ပြောနိုင်​ဘဲသူ့​ဘေးမှာထိုင်​​နေတဲ့လူကိုပဲစိုက်​ကြည့်​​နေမိသည်​။

HTCWhere stories live. Discover now