နာကျင်မှုကိုမခံစားဖူးရင် ပျော်ရွှင်မှုရဲ့ချိုမြိန်မှုကိုမခံစားနိုင်ဘူးဆိုပြီးလူတွေပြောကြပေမယ့် Technicရဲ့နာကျင်မှုတွေကရော ဘယ်တုန်းကများဒီလိုမျိုးကြီးထွားသွားရတာလဲ။
“Ai’Tayလား? မသိဘူးလေ သူဘယ်မှာရှိလဲငါလည်းမသိဘူး တခြားမှာသွားရှာ ”
သူ့မိန်းမရဲ့သူငယ်ချင်းနဲ့လူကောင်လုံးပတ်ချင်းတူအောင် သူဖြည်းဖြည်းချင်းကြိုးစားနေပါတယ်။
နောက်ဆုံးတော့ Klaတစ်ယောက် P’Noကိုဘာလို့P’Typeရဲ့ဘေးမှာမနေစေချင်လဲဆိုတာကို သူကောင်းကောင်းကြီးနားလညိခဲ့ပြီ။Technic P'Tayကို အဲ့ဒီRamဆိုတဲ့ကောင်နားတစ်စက်ကလေးတောင်မကပ်စေချင်ဘူး။
“P’Tayကကျွန်တော့်ကိုဒီမှာစောင့်လို့ပြောသွားတာ"
"မင်းကိုမကြိုဆိုဘူး အရူးကောင် ထွက်သွား မင်းကြောင့်နဲ့ငါစားစရာရှိတာတောင်မစားနိုင်ဘူး "
"ခင်ဗျားကဘာလဲ ဒီကျောင်းရဲ့ဆရာကြီးလား?”
"ဘာရယ်?”
"ဆရာကြီးမဟုတ်ဘူးမလား အဲ့ဒါဆိုငြိမ်နေလိုက် ကိုယ့်မိန်းမကိုလာစောင့်တာသူ့အပူပါလို့လား”
"မင်း..."
အမှန်အတိုင်းပြောရရင် Technicကိုယ်တိုင်ကလည်းဒီအင်ဂျင်နီယာဌာနကိုသိပ်လာချငိနေတာတော့မဟုတ်ဘူး။ဒီကိုလာတိုင်း သူနဲ့ကန်တင်းမှာစကားများခဲ့ရတဲ့အုပ်စုလိုက်ကြီးကိုမြင်နေရတာလေ။ဒါပေမယ့်လည်း သူ့ရဲ့အချစ်ကလေးဟာအခုနောက်ပိုင်းစာတမ်းတင်ဖို့ကိစ္စနဲ့ပတ်သကိပြီးအလုပ်တွေများနေတော့ သူ့ဆီကိုလာဖို့အချိန်မရဘူးဖြစ်နေတာ။ဒီတော့ P'Tayကဒီနေ့ညနေအားတယ်လို့ပြောလိုက်တာနဲ့တပြိုင်နက် ဆေးကျောင်းသားလေးဟာချက်ချင်းကိုပဲအမြန်နှုန်းနဲ့ဒုံးပျံစီးပြီး အင်ဂျင်နီယာဌာနကိုအပြေးလာခဲ့ပေမယ့် အဲ့ဒီမှာတံခါးစောင့်နဲ့စတွေ့တော့တာပဲ။

YOU ARE READING
HTC
RomanceTitle:HOW TO CHANGE Author:Khun MAME Translator:Yurio Kuco Length:TBA Main pair:Technic ♥ Tay ယူရီအိုဒီဟာကိုရေးတာနဲ့ပတ်သတ်ပြီးနည်းနည်းလောက်ရှင်းပြချင်ပါတယ် How to Changeက အရင်တစ်ခြားလူဘာသာပြန်ပြီးသားရှိပါတယ်နော် ဒါပေမယ့်လည်းသူကအပိ...