ယောကျာ်းလေးတွေကြားက Sex
လူတွေအများကြီးရှိတဲ့ကျောင်းလိုနေရာမျိုးမှာ ဒီလိုစကားလုံးကိုသုံးတာကအရမ်းအန္တရာယ်များတယ်ဆိုပေမယ့် Technicကတော့တစ်ချက်ကလေးတောင်ဂရုမစိုက်မိဘူး အကြောင်းရင်းကတော့ သူ့ဖုန်းမှာပေါ်နေတဲ့ အဲ့ဒီအကြောင်းအရာနဲ့သက်ဆိုင်သမျှအရာအားလုံးကို လက်ကနေအမြန်ကျော်ခွနေတာကြောင့် ဘယ်သူကမှသူဒါကိုကြည့်နေတာကိုသတိထားမိမှာမဟုတ်ဘူး ကျောင်းပိတ်ရက်နှစ်ရက်လုံးသူအလယ်ခေတ်ကတည်းကအစပြုလာခဲ့တဲ့Gayကားတွေကနေအခုခေတ်ဘက်မှာရိုက်ထားတဲ့ကားတွေအထိအကုန်ကြည့်ခဲ့ပေမယ့် လက်မခံနိုင်သေးတဲ့အခါမှာတော့ဖုန်းထဲကနေပြန်ရှာပြီး အခြေခံအကျဆုံးအရာကိုပြန်ဖတ်နေရတာပဲ
Straightတွေရဲ့မျက်လုံးထဲမှာ Technicက ဆေးဌာနကရုပ်ချောတဲ့ဂျူနီယာတစ်ယောက်ပဲဆိုပေမယ့် Gayတွေရဲ့မျက်လုံးထဲမှာတော့ သူကအရပ်အမောင်းခပ်မြင့်မြင့်နဲ့အပေါ်ထပ်ကိုတုံ့ဆိုင်းခြင်းမရှိပဲအရယူနိုင်မယ့်သူပဲ ဟိုသတင်းဒီသတင်းကြားရသလောက်သူပြန်ပြီးတော့စုံစမ်းကြည့်လိုက်တော့ အပေါ်ကပြောခဲ့တဲ့စကားလုံးတွေနဲ့ပတ်သတ်ပြီးတော့အရမ်းတွေကိုစိတ်ဝင်စားချင်စရာကောင်းတဲ့အကြောင်းအရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုတွေ့လိုက်ရတယ်
သေသေချာချာပြင်ဆင်ထားတဲ့လူက ပြင်ဆင်ခြင်းရဲ့အကျိုးကိုခံစားရမှာဖြစ်ပြီးတော့ အသိစိတ်ဝင်နေတဲ့သူကသူ့ရဲ့အနောက်ပိုင်းကိုသေချာပေါက်ကာကွယ်နိုင်မှာပဲ
"ဒီတစ်ခေါက်တော့ခံလို့ကောင်းလွန်းလို့ အပေါ်ကနေမယ်ဆိုတဲ့စကားမျိုးထပ်မထွက်လာအောင်လုပ်ရမယ်"
" ဘာတွေလုပ်နေတာလဲ ငါ့ကောင် "
ရုတ်တရက်အနောက်ကနေပေါ်လာတဲ့ရင်းနှီးနေတဲ့အသံကြောင့် ကိုယ့်ကိုကိုယ်စကားပြောနေတဲ့ကောင်လေးကလန့်ဖြန့်သွားပြီး သူ့ဘေးမှာဝင်ထိုင်လာတဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းKlaကိုကြည့်လိုက်တယ်
YOU ARE READING
HTC
RomanceTitle:HOW TO CHANGE Author:Khun MAME Translator:Yurio Kuco Length:TBA Main pair:Technic ♥ Tay ယူရီအိုဒီဟာကိုရေးတာနဲ့ပတ်သတ်ပြီးနည်းနည်းလောက်ရှင်းပြချင်ပါတယ် How to Changeက အရင်တစ်ခြားလူဘာသာပြန်ပြီးသားရှိပါတယ်နော် ဒါပေမယ့်လည်းသူကအပိ...