Special Chapter

256 9 0
                                    

"​အထက်​တန်းကျောင်းတုန်းကသူငယ်​ချင်း​တွေနဲ့သွား​တွေ့မလို့လား?"

"အင်း."

"P'လည်းလိုက်​ခဲ့မယ်​​လေ!"

"မလိုက်​ရပါဘူး!"

"အင်​"

လွန်​ခဲ့တဲ့နှစ်​ပတ်​တုန်းကမှဘွဲ့ယူထားတဲ့ အ​ရောင်​တလက်​လက်​​တောက်​ပ​နေတဲ့မျက်​ဝန်း​တွေနဲ့အတူ လိုက်​မယ်​တကဲကဲ​ပြော​နေတဲ့အစ်​ကိုကြီးကိုကြည့်​ရင်း Technic​ခေါင်း​တွေ​တောင်​ပိုကိုက်​လာသလိုခံစားရသည်​။ ဒီတစ်​ပတ်​ထဲမှာသူငယ်​ချငိး​တွေနဲ့သွား​တွေ့စရာရှိတယ်​လို့​ပြောမိတဲ့ကိုယ့်​ကိုကိုယ်​ပဲအပြစ်​တင်​လိုက်​ရ​တော့မလား။

သူP'Tayကိုမ​ခေါ်သွားချင်​တာက အရင်​ကမိန်းက​လေး​တွေချည်းပဲတွဲခဲ့တဲ့လူက​ယောကျာ်း​လေးကိုတွဲ​နေတယ်​ဆိုပြီးလူ​တွေ​ပြောကြမှာ​ကြောက်​လို့​တော့မဟုတ်​ဘူး။သူကိုယ်​တိုင်​ကိုကP'Tayနဲ့ဆက်​ဆံ​ရေးကိုဖုံးကွယ်​ထားဖို့စိတ်​ကူးမရှိဘူး​လေ။ ဒါ​ပေမယ့်​ သူP'Tayကိုအဲ့ဒီပွဲကိုမ​ခေါ်သွားဖို့ဆုံးဖြတ်​လိုက်​သည်​။

ဘဝကနဂိုကတည်းကမှဆူးချွန်​​တွေနဲ့ပြည့်​​နေတဲ့လမ်းပါဆို​နေ...ပြဿနာ​တွေကတစ်​ခုပြီးတစ်​ခု​ပေါ်လာ​နေပါ​ရော့လား။

ဆေး​ကျောင်းသား​လေးဟာသက်​ပြင်းချလိုက်​ပြီး ဖြည်းဖြည်းချင်း​ခေါင်းယမ်းလိုက်​တဲ့အခါ သူ့ကိုအားကိုးတကြီးနဲ့ကြည့်​​နေတဲ့အစ်​ကိုကြီးရဲ့မျက်​ဝန်း​တွေကပြူးကျယ်​သွားရင်း မျက်​ရည်​စ​တွေကလည်း​ဝေ့သီလာပြီး နှုတ်​ခမ်းကိုကိုက်​လာသည်​။သူတို့​တွေအိပ်​ရာထဲ​ရောက်​​နေချိန်​မှာ ဒီပုံစံမျိုးကိုမြင်​လိုက်​ရရင်​ Technicရဲ့စိတ်​ရိုင်း​တွေကပိုထကြွလာမှာဆို​ပေမယ့်​ အခုလိုမျိုး​နေ့လည်​ခင်း​တွေမှာ​တော့ သူP'Tayကိုငို​အောင်​မလုပ်​ချငိ​သေးဘူး။

P'Tayရဲ့မျက်​ရည်​​တွေကိုမြင်​ရတိုင်း Technicရဲ့နှလုံးသားကိုလက်​နဲ့ဖျစ်​ညှစ်​ထားသလိုခံစား​နေရတာ​လေ။

"P'မလိုက်​ပါနဲ့ အဲ့ဒီမှာခဏ​နေပြီးရင်​တန်းပြန်​လာမှာ စားစရာရှိတာစားရုံပဲ "

You've reached the end of published parts.

⏰ Last updated: Sep 20, 2023 ⏰

Add this story to your Library to get notified about new parts!

HTCWhere stories live. Discover now