3-2

46 4 0
                                    

"Hoie ​ဟေ့​ကောင်​ ဒီည​နေငါတို့အပြင်​မှာညစာသွားစားရ​အောင်​ ငါလိုက်​​ကျွေးမယ်​ "

"မင်းဘာ​တွေစီစဉ်​​နေပြန်​ပြီလဲ"

" လုပ်​စမ်းပါကွာ ငါကမင်းကို​ကျွေးချင်​လို့​ကျွေးတာ အပြန်​အလှန်​အ​နေနဲ့မင်းကငါ့ကိုP'Noကိုမူး​အောင်​လုပ်​တဲ့​နေရာမှာကူညီ​ပေး "

"P'Noကိုမူး​အောင်​လုပ်​​ပေးလို့​ပြောလိုက်​ရင်​ရ​နေတာကို ငါကူညီ​ပေးမယ်​ ဟုတ်​ပြီလား ဘာမှပြန်​မ​ပေးနဲ့မင်းဆီကယူရတာ​ကြောက်​လည်း​ကြောက်​တယ်​"

" အဟက်​ ငါတို့စား​နေကျဆိုင်​ကိုမင်းဘာသာမင်းလာခဲ့လိုက်​ကွာ ငါငါ့မိန်းမကိုသွားကြိုလိုက်​ဦးမယ်​ "

ဒါသူနဲ့Kengklaတို့လွန်​ခဲ့တဲ့နှစ်​နာရီက​ပြောဖြစ်​တဲ့စကား​တွေဖြစ်​တယ်

သူငယ်​ချင်းနဲ့အစ်​ကိုရဲ့ကြားကအီစီကလီ​တွေကိုမကြည့်​ချငိမမြင်​ချင်​ဆုံးဖြစ်​​ပေမယ့်​ အလကားစားရမယ့်​တစ်​နပ်​ရယ်​ ဆာ​နေတဲ့ဗိုက်​ရယ်​ စီနီယာကိုငို​အောင်​လုပ်​လိုက်​မိတဲ့အပြစ်​မကင်းတဲ့စိတ်​ရယ်​​ကြောင့်​ သူအပြင်​ထွက်​ဖို့သ​ဘောတူလိုက်​မိတယ်

သူအချိန်​​တွေကိုဖြုန်း​နေရင်းနဲ့စား​သောက်​ဆိုင်​ကို​နောက်​ကျမှသွားဖို့ဆုံးဖြတ်​လိုက်​တယ်​ နဂို​ပြောထားတဲ့အချိန်​နဲ့ဆယ်​မိနစ်​ဒါမှမဟုတ်​မိနစ်​နှစ်​ဆယ်​ခြားပြီး​ရောက်​သွားမှဖြစ်​မယ်​ ဒါမှပဲဟိုနှစ်​​ယောက်​မလာခင်​တစ်​​ယောက်​တည်း​ကြောင်​​ကြောင်​စီစီထိုင်​မ​နေရ​တော့မှာ​ပေါ့

ဒါ​ပေမယ့်​ သူဆိုင်​ထဲကိုဝင်​လိုက်​ချိန်​မှာပဲ

"Hoie ညီ​လေး အင်​ဂျင်​နီယာဆို​တော့ဘယ်​​မေဂျာကလဲ P'သူငယ်​ချင်း​တွေ​တော်​​တော်​များများကလည်းအင်​ဂျင်​နီယာ​ကျောင်းသား​တွေချည်းပဲ "

(My boiiiii Aeeeee)

"လျှပ်​စစ်​ဌာနကပါ P'Techno "

"အခုအလုပ်​လုပ်​​နေပြီလား P'သူငယ်​ချင်း​တွေနဲ့ မိတ်​ဆက်​​ပေးရမလား "

" ရပါတယ်​ P' ကျွန်​​တော်​အခုလုပ်​​နေတဲ့ Projectပြီးဖို့ကိုပဲ အာရုံစိုက်​ထားချင်​လို့ပါ ဒါနဲ့ P'Technoက​ရော ဘယ်​ဌာနကလဲ "

HTCWhere stories live. Discover now