3-1

47 5 0
                                    

ပုန်းလိုက်​​ရှောင်​လိုက်​လုပ်​​နေရတဲ့ဘဝနဲ့အလျင်​အမြန်​အသားကျလာလိမ့်​မယ်​လို့ Technic​အရင်​တုန်းကတွေးခဲ့မိတယ်

ဒါ​ပေမယ့်​ အမှန်​အတိုင်း​ပြောရရင်​ နှစ်​ရက်​သုံးရက်​​လောက်​ဒီအစ်​ကိုကြီးကို​ရှောင်​​နေရတာနဲ့တင်​ကို သူ​တော်​​တော်​ပင်​ပန်း​နေပြီ ​ကြောင်​လိုပဲလှစ်​ကနဲ​ပေါ်​ပေါ်လာတတ်​တဲ့အစ်​ကိုကြီးလက်​က​နေလွတ်​​အောင်​​ပြေးရတာလည်းလွယ်​ကူမ​နေ​သော​နော်

သူကလွယ်​အိတ်​ထဲမှာများ GPS​တွေတပ်​ထားလိုက်​​သေးသလား

ဘယ်​ကိုသွားသွား ဘာလုပ်​လုပ်​ အဲ့ဒီအစ်​ကိုကြီးက အပြုံးတစ်​ခုနဲ့အတူ​ပေါ်လာတတ်​​နေ​တော့ သူတစ်​ကယ်​ကို​ကြောက်​လန့်​​နေပါပြီ

နေ့တိုင်း ဒီလိုသာဖြစ်​ပျက်​​နေမယ်​ဆို သိပ်​မကြာခင်​သူရူးသွား​လောက်​တယ်

အခု​တော့အ​နောက်​မှာအရိပ်​က​လေးတစ်​ခုလိုက်​လာပြီဆို Technicက​ခြေကုန်​သုတ်​ပြီး​ပြေး​တော့တာပဲ

သူကဘယ်​​လောက်​ပဲ​ယောကျာ်းပီသတဲ့သူဖြစ်​​နေပါ​စေ ဒါကို​တော့သူ​သေမ​လောက်​​ကြောက်​ပါတယ်

ချွေး​တွေရွှဲနစ်​​နေတဲ့သူ့ပုံကိုမြင်​ခဲ့တာ​တောင်​မှ Sexyကျလိုက်​တာဆိုပြီး​ပြော​နေခဲ့တဲ့ အဲ့ဒီအစ်​ကိုကြီး ဘာတဲ့ချစ်​စရာ​ကောင်းတယ်​ဆိုတာကပါ ​နောက်​က​နေကပ်​ပါလိုက်​​သေး

ရုပ်​နဲ့နာမည်​ကလိုက်​ဖက်​မ​နေတဲ့အပြင်​​ဂေါက်​ပါ​ဂေါက်​​နေပြီလားမသိဘူး မဟုတ်​ရင်​လည်းအမြင်​အာရုံမှာတစ်​ခုခုဖြစ်​​နေတာပဲ​နေမှာ

သူ့မိဘ​တွေကို​တော့တစ်​ကယ်​အားနာ​ပေမယ့်​ ​လော​လောဆယ်​မှာ​တော့ကိုယ့်​အတွက်​ကိုယ်​ပဲဂရုစိုက်​လိုက်​ပါဦးမယ်​ ဦး​လေးတို့ရဲ့သားကကျွန်​​တော့်​ဘဝကြီးကိုလိုက်​ပြီး​တော့​နှောင့်​ယှက်​​နေတာကိုး

Technic ဒီ​ကြောင်​လိုမျက်​နှာနဲ့စီနီယာကိုရှာ​နေရတာအရမ်းကိုပင်​ပန်း​နေပါပြီ

စာသင်​ချိန်​ပြီးတဲ့အချိန်​ဆို အခန်းဝမှာ​စောင့်​​နေတတ်​တယ်

HTCWhere stories live. Discover now