"အပြင်မှာထိုင်မလား အထဲမှာထိုင်မလား ဘယ်နားထိုင်ချင်လဲ P' "
" အထဲမှာပဲထိုင်ကြမယ်လေ ဆိုဖာပေါ်မှာထိုင်ရတာကိုသဘောကျတယ် "
"အဲ့ဒါဆိုလည်းသွားကြတာပေါ့"
ဆိုင်ခွဲတွေအများကြီးနေရာအနှံ့မှာဖွင့်ထားတဲ့ ကော်ဖီဆိုင်ရဲ့ထောင့်ချိုးနားကခုံလေးမှာကောင်လေးနှစ်ယောက်ဝင်ထိုင်လိုက်တယ် ကိုယ့်ထက်ကြီးတဲ့သူကိုထိုင်မယ့်နေရာအရင်ရွေးခိုင်းလိုက်တဲ့Technicကိုကြည့်ပြီး Tayသဘောတကျနဲ့ပြုံးလိုက်မိရင်း အထဲမှာဝင်ထိုင်လိုက်တယ် Technicကတော့ကောင်တာကိုခဏလျှောက်သွားပြီး ရေတစ်ဘူးနဲ့ဖန်ခွက်နှစ်ခွက်ကိုယူလာခဲ့တယ်
"P' ဘာသောက်ချင်လဲ"
"မာလကာသီးဖျော်ရည်"
" အဲ့ဒါဆို ခဏစောင့်ဦး "
Technicကရေဘူးကိုဖွင့်လိုက်ပြီးခွက်ထဲကိုလောင်းထည့်ပေးနေတာကို Tayကခုံပေါ်မှာအသင့်ထိုင်ရင်းသဘောတကျနဲ့ကြည့်နေမိတယ် သူ့ဘက်ကဒီကောင်လေးကိုသေချာဂရုစိုက်ပေးမယ်လို့ဟစ်ကြွေးခဲ့ပေမယ့် တစ်ကယ်တမ်းဂရုစိုက်ခံနေရတာကသူဆိုတာကိုသတိမထားမိပဲနဲ့ပေါ့ မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်နေတဲ့ကောင်လေးကသူ့ကိုရေထည့်ပေးပြီးပြန်လှည့်ထွက်သွားတဲ့ညီလေးရဲ့နောက်ကျောပြင်ကျယ်ကြီးကိုလိုက်ကြည့်နေမိတယ်
"ကောင်းလိုက်တာ"
" ဒီမှာ မာလကာသီးဖျော်ရည် P'ဘာစားချင်သေးလဲ "
" ပုဇွန်ကြော်စားချင်တယ် "
"အဲ့ဒါဆိုသွားမှာလိုက်ဦးမယ် P'ကဒီမှာထိုင်ပြီးတော့ပစ္စည်းတွေကိုကြည့်ထားပေး"
Technicကရေထည့်ပေးပြီးတော့စားစရာတွေမှာပေးပြီးသူ့ကိုသေချာလုပ်ပေးနေပေမယ့် ဒီဒိတ်ကိုသူ့ဘက်ကနေဦးဆောင်ချင်ပါတယ်ဆိုတဲ့အစ်ကိုကြီးကသူ့ကိုယ်သူဘယ်နေရာရောက်လို့ရောက်နေမှန်းမသိပဲ အပြုံးတစ်ခုနဲ့အတူ သူ့ရဲ့ချိုမြိန်တဲ့ကမ္ဘာလေးထဲမှာပဲပျော်မွေ့နေတဲ့အပြင်သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီးတော့ သူ့ရဲ့ပျော်ရွှင်မှုတွေကို Twitterမှာ tweetလိုက်သေးတယ်
YOU ARE READING
HTC
RomanceTitle:HOW TO CHANGE Author:Khun MAME Translator:Yurio Kuco Length:TBA Main pair:Technic ♥ Tay ယူရီအိုဒီဟာကိုရေးတာနဲ့ပတ်သတ်ပြီးနည်းနည်းလောက်ရှင်းပြချင်ပါတယ် How to Changeက အရင်တစ်ခြားလူဘာသာပြန်ပြီးသားရှိပါတယ်နော် ဒါပေမယ့်လည်းသူကအပိ...