4-1

52 7 0
                                    

ခန္တာကိုယ်​အစိတ်​အပိုင်း​​တွေ​ပေါ်သက်​​ရောက်​လာတဲ့ ​လေ​အေး​ကြောင့်​ ကိုယ်​​ပေါ်ကအဝတ်​အစား​တွေကတစ်​ဖြည်းဖြည်းချင်း ခန္တာကိုယ်​နဲ့ကင်းကွာသွားတာကို Technicခံစားမိတယ်​ ဒါ​ပေမယ့်​လည်း အရက်​​ကြောင့်​သူ့​ခေါင်း​တွေကပူထူ​နေပြီး မျက်​စိဖွင့်​လို့မရဘူး

ဘယ်​သူ​ကြောင့်​သူဒီလိုဖြစ်​​နေရလဲဆိုတာကိုမသိ​ပေမယ့်​ ထိလွယ်​ရှလွယိ​နေရာကိုပူ​နွေးမှူတစ်​ခုက​ရောက်​လာတဲ့အခါမှာ​တော့ သူချက်​ချင်းကိုပဲမျက်​လုံးကိုမရရ​အောင်​ဖွင့်​ကြည့်​လိုက်​တယ်​ ဒါက​တော့သူတစ်​​ယောက်​တည်းမဟုတ်​ဘူး သူ့​နေရာမှာဘယ်​သူမဆိုဒီလိုလုပ်​ကြမှာပဲ အကိုင်​ခံ​နေရတာကတစ်​ကယ့်​​နေရာကိုး

ပထမတုန်းက​တော့အရက်​​ကြောင့်​မူး​ဝေ​နေ​ပေမယ့်​ သူအာရုံစိုက်​ပြီးမျက်​လုံးကိုဖွင့်​လိုက်​တာနဲ့အ​ခြေအ​နေ​တွေကို​သေချာမြင်​လိုက်​ရတယ်​ သူ့ရဲ့ထိလွယ်​ရှလွယ်​​နေရာနားမှာ​ရောက်​​နေတဲ့မျက်​နှာတစ်​ခု

ရင်းနှီး​နေတဲ့မျက်​နှာ

ပိန်​ပိန်​ပါးပါး ခန္တာကိုယ်​နဲ့အတူ အကုန်​လုံးကို ပုံ​ဖော်​နိုင်​သွားတဲ့အချိန်​မှာ​တော့ Technicမျက်​လုံး​တွေပြူးကျယ်​သွားရတယ်

ပိုဆိုးတာက P'Tayရဲ့ပါးပြင်​​တွေကနီရဲတွတ်​​နေတာပဲ

သူ့ရဲ့လက်​တစ်​ဖက်​ကအိပ်​ရာခင်း​ပေါ်မှာ ​နောက်​တစ်​ဖက်​ကTechnicရဲ့အရာ​ပေါ်တည့်​တည့်​မှာ

အဲ့ဒီအချိန်​မှာပဲ Technic​သေ​သေချာချာနားလည်​လိုက်​တာက

ငါအစားခံရ​တော့မှာပါလား!!!!!!!!


"N'Nic"

ကြောင်​မျက်​နှာနဲ့စီနီယာက ရုတ်​တရက်​ကြီး ​ခေါင်းကို​မော့ရင်း သူ့နာမည်​ကိုအသံတုန်​တုန်​ယင်​ယင်​နဲ့​ခေါ်လာတယ်

ဘယ်​​လောက်​ထိဆိုးလဲဆို ချက်​ချင်းထွက်​​ပြေးမိတဲ့အထိပဲ

" မင်းကမူး​နေလို့​လေ P'မင်းကိုအဝတ်​ကူချွတ်​​ပေး​နေတာ "

Hoie အရက်​မူး​နေရင်​အင်္ကျီချွတ်​​ပေးရတယ်​လို့ ခင်​ဗျားကို ဘယ်​သူကသင်​​ပေးလိုက်​တာလဲ

HTCWhere stories live. Discover now