13

127 6 0
                                    

လူသတ်​လို့​ထောင်​မကျဘူးဆိုရင်​ Technicသူ့မိန်းမ​ဘေးမှာရှိ​နေတဲ့​မြေ​ခွေး​တွေကိုအ​သေသတ်​ပစ်​ဖို့​ရွေးမိမှာပဲ။

သူ့ကိုမြင်​မြင်​ချင်းထွက်​​ပြေးသွားတဲ့P'Tayရဲ့အ​နောက်​ကိုလိုက်​ဖို့ကြိုးစား​ပေမယ့်​ အုပ်​စုလိုက်​ကြီးသူ့ကိုဝိုင်းတားကြတဲ့အခါ P'Tayကိုလွတ်​သွားမှာ​ကြောက်​တဲ့စိတ်​တစ်​ခုတည်းနဲ့ ချစ်​တယ်​ဆိုတဲ့စကားကိုအကျယ်​ကြီး​အော်​​ပြောလိုက်​မိသည်​။သူအကျယ်​ကြီး​အော်​​ပြောပြီးလိုက်​တဲ့အချိန်​မှာပဲသိလိုက်​ရတာက သူအခု​ရောက်​​နေတဲ့​နေရာကကန်​တင်းရဲ့အလယ်​တည့်​တည့်​မှာဆိုတာပဲ။သူ့အသံကိုကြားတဲ့လူတိုင်းကသူ့ကိုလှမ်းကြည့်​လာပြီး ကန်​တင်းထဲမှာရှိ​နေတဲ့​ကျောင်းသား​တွေတင်​မဟုတ်​ဘဲ အခု​လေးတင်​မှဝင်​လာတဲ့အုပ်​စုကပါလှမ်းကြည့်​လာသည်​။

ဒါ​ပေမယ့်​လည်း Technicဘယ်​သူ့ကိုမှဂရုမစိုက်​နိုင်​ဘဲဆက်​ပြီး​တော့​အော်​​ပြောလိုက်​သည်​။

"P'ကိုချစ်​တယ်​!!!!"

P'Tayကသူ့​ရှေ့မှာမြင်​​နေရတဲ့လူထက်​ တ​စ္ဆေတစ်​​ကောင်​ကိုပဲမြင်​ချင်​တဲ့ပုံစံနဲ့အ​နောက်​ကိုပြန်​လှည့်​ကြည့်​လာတဲ့အခါ သူ့စကားကိုမကြားလိုက်​တဲ့အစ်​ကိုကြီးကိုလိုက်​ဖမ်းမှဖြစ်​မယ်​လို့ Technicနားလည်​သွားရသည်​။ဒီတစ်​​ခေါက်​လည်း သူ့ဆီက​နေထပ်​ပြီး​တော့ထွက်​​ပြေးဦးမယ်​ဆိုရင်​ P'Tay​တော့သူ့ကို​ထောင်​ထဲမှာပဲမြင်​ရ​တော့မယ်​ထင်​တာပဲ။ အ​ကြောင်းရင်းက​တော့ သူ့မိန်းမကို​တွေ့ဖို့အတွက်​အ​ရှေ့မှာကာဆီး​နေတဲ့လူသုံး​ယောက်​ကိုသတ်​ပြီး​တော့မှလာရမှာကိုး။

ဒါ​ပေမယ့်​...

ဖတ်​ ~

"သွားစမ်းပါ လမ်းပိတ်​မ​နေနဲ့ "

စီနီယာကသူ့ကိုအတင်းဆွဲဖယ်​ရင်း​ပြောလာ​ပေမယ့်​ ကံ​ကောင်း​ထောက်​မစွာနဲ့ပဲ Technicတစ်​​ယောက်​ခန္တာကိုယ်​ကိုထိန်းထားလိုက်​နိုင်​ပြီး ကျန်​တဲ့လက်​တစ်​ဖက်​ကပန်းစည်းကိုအ​သေအချာဆုပ်​ကိုင်​ထားရင်းနဲ့ပဲ စီနီယာကိုစူးစူးရဲရဲစိုက်​ကြည့်​လိုက်​သည်​။

HTCWhere stories live. Discover now