11

73 7 0
                                    

(Song Recommendation=I don't love you by Urban Zakapa)

"ဒါဆိုလည်း ငါအရင်​ပြန်​လိုက်​မယ်​ မင်းသူနဲ့စကား​ပြောလိုက်​ဦး "

ကောင်​မ​လေးနဲ့နှစ်​​ယောက်​တည်းစကား​ပြောဖို့ကို Technicနည်းနည်းရှက်​​နေမိ​ပေမယ့်​လည်း သူဘာမှမ​ပြောဘဲငြိမ်​​နေမိသည်​။Kengklaပြန်​သွားတဲ့အချိန်​မှာ Technicတစ်​​ယောက်​ အဲ့ဒီမှာပဲထိုင်​​နေပြီး​တော့ ဖုန်းကို​ဆော့လိုက်​သူ့အစ်​ကိုနဲ့ဖုန်း​ပြောလိုက်​လုပ်​​နေလိုက်​သည်​။ဟို​ခွေး​ကောင်​က သူ့အ​ကြောင်း​တွေအကုန်​လုံးကိုသူ့အစ်​ကိုကို​ပြောပြပြီး​လောက်​ပြီထင်​ပါရဲ့။

အခု အဲ့ဒီ​ခွေး​ကောင်​အ​ကြောင်းကို​မေ့ထားလိုက်​။အရင်​ဆုံးလုပ်​ရမှာကအခုချိန်​မှာဘယ်​ဟာကိုအလုပ်​သင့်​ဆုံးလဲဆိုတာကို​တွေးကြည့်​ရမှာပဲ။

Technic​တွေး​နေရင်းနဲ့ပဲသက်​ပြင်းချလိုက်​မိပြီး လက်​တစ်​ဖက်​ကိုရင်​ဘတ်​​ပေါ်ကပ်​ထားရင်း ပြတင်း​ပေါက်​အပြင်​ဘက်​ကိုကြည့်​လိုက်​တဲ့အခါဆိုင်​​ရှေ့မှာရပ်​ထားတဲ့ထရပ်​ကားတစ်​စီးကို​တွေ့လိုက်​ရသည်​။သူ့စိတ်​​တွေကအခုချိန်​မှာ​ရောက်​တတ်​ရာရာဖြစ်​​နေ​တော့တာပဲ။

အမှန်​အတိုင်း​ပြောရရင်​ ဒီ​ကောင်​မ​လေးကလုံးဝကိုသူ့အကြိုက်​ပဲ။ဒီ​ကောင်​မ​လေးကိုမ​တွေ့ရတာတစ်​လ​တောင်​ရှိပြီဆို​ပေမယ့်​လည်း ​ကောင်​မ​လေးရဲ့ပန်းပွင့်​​လေးနဲ့တူတဲ့အပြူံးကိုမြင်​လိုက်​ရချိန်​ သူ့ရဲ့(​ယောကျာ်း​လေး​တွေလိုမျိုးကြမ်းတမ်းမ​နေတဲ့)ရှက်​ရယ်​ရယ်​သံကိုကြားလိုက်​ရချိန်​မှာ သူ့နှလုံးသားကထ​ဖောက်​လာပြန်​သည်​။သူကိုယ်​တိုင်​ကိုကမိန်းက​လေး​တွေကိုကြိုက်​ခဲ့ဖူးတယ်​မလား။

မဟုတ်​​သေးဘူး။သူကအခုချိန်​မှာမိန်းက​လေး​တွေကိုသ​ဘောကျ​နေ​သေးတယ်​ဆို​ပေမယ့်​ P'Tayက​တော့လူံးဝခြွင်းချက်​ပဲ။

သူ့ကိုဘယ်​လိုတုံ့ပြန်​မှုမျိုး​ပေးရင်​​ကောင်းမလဲ?

Technicကသူ့ကိုယ်​သူချစ်​တတ်​လွန်းတဲ့လူ​တော့မဟုတ်​​ပေမယ့်​ ဒီအ​ခြေအ​နေကိုသူအကြိမ်​​ရေ​တော်​​တော်​များများ​ရောက်​ခဲ့ဖူးတာ​ကြောင့်​ ဘာဆက်​ဖြစ်​မလဲဆိုတာကိုခန့်​မှန်းမိ​နေသည်​။တစ်​ဖက်​လူကလည်းသူ့လိုလူမျိုးကိုဘာလို့များသ​ဘောကျရသလဲဆိုပြီးအခုထက်​ထိသံသယများ​နေတုန်းပဲ။သူကိုယ့်​သူ​ကွေး​နေပါပြီဆိုပြီးလက်​ခံထားပြီးသားဆို​ပေမယ့်​ ဒီ​ကောင်​မ​လေးသူ့ကိုသ​ဘောကျ​နေ​သေးတယ်​ဆိုတဲ့အချက်​ကို​တွေးမိတဲ့အချိန်​မှာ Technicမတ်​တပ်​ထရပ်​လိုက်​သည်​။

HTCWhere stories live. Discover now