12

97 6 0
                                    

(Song Recommendation=Losing my mind by Lee Seung Gi)

[အားနာပါတယ်​ရှင်​ လူကြီးမင်း​ခေါ်ဆို​သောတယ်​လီဖုန်းနံပါတ်​မှာလတ်​တ​လောမ​ဖြေကြားနိုင်​​သေးပါသဖြင့်​...]

"ဘာဖြစ်​​နေပြန်​တာလဲ?"

သိပ်​မကြာ​သေးခင်​အချိန်​တုန်းကTechnicတစ်​​ယောက်​ အရမ်း​တွေကို​ပျော်​ရွှင်​မြူးထူး​နေခဲ့ပြီး လူတိုင်းသူစိတ်​​ပျော်​​နေတယ်​ဆိုတာကို သူ့ကိုမြင်​လိုက်​ရရုံနဲ့တင်​သိ​နေခဲ့သည်​။ဒါ​ပေမယ့်​လည်း အခုချိန်​မှာ​တော့ အချိန်​အ​တော်​ကြာ​ပေါ်မလာတဲ့သူ့​ကောင်​​လေးကိုဖုန်းဆက်​​နေတဲ့မျက်​နှာက သုံးဆယ့်​နှစ်​​ခေါက်​ချိုး​လောက်​ဖြစ်​​နေပြီး ဘယ်​သူမှသူ့အနားကိုမသွားရဲ​တော့ဘူး။ဒါ​ပေမယ့်​လည်း တစ်​ဖက်​လူကသူ့ကိုဘာဆိုဘာမှမ​ပြောဘဲဖုန်းကိုပိတ်​ထားလိုက်​ပြီးအဆက်​အသွယ်​မလုပ်​တာ အ​ကြောင်းအရင်းတစ်​ခုခု​တော့ရှိမယ်​ထင်​တာပဲ။ခါတိုင်းဆို သူဖုန်းဆက်​လိုက်​တိုင်း အချိန်​ခဏ​တောင်​မဆိုင်းဘဲ​ကောက်​ကိုင်​တတ်​တဲ့သူကအခုလိုမျိုးဘာလို့လုပ်​​နေရသလဲသူကိုယ်​တိုင်​လည်းမသိ​တော့ဘူး။

"စာလုပ်​​နေရလို့များလား...အဲ့ဒီလိုဆိုရင်​လည်း​ပြောသွားလို့ရတာပဲကို "

သူဖုန်း​ခေါ်ဖို့​မေ့​နေတဲ့အချိန်​တိုင်း P'Tayကသူ့ဌာနမှာလာလာ​စောင့်​​နေတတိတာ။ဘယ်​​လောက်​ပဲ​နောက်​ကျ​နေပါ​စေ...သူ့ဘက်​ကအရင်​ပြန်​ပါလို့​ပြောခဲ့ရင်​​တောင်​မှ အဲ့ဒီအစ်​ကိုကြီးက​ခေါင်းမာမာနဲ့သူ့ကို​စောင့်​ကို​စောင့်​​နေတာ။ဒီ​တော့ အဲ့ဒီလိုမျိုးအနားမှာတွယ်​ကပ်​​နေတတ်​တဲ့သူက သူ့ဆီကိုတစ်​ချက်​က​လေး​တောင်​​ရောက်​မလာဘဲ ဖုန်းလည်း​ခေါ်မရအဆက်​အသွယ်​လည်းလုပ်​မရ ​ပျောက်​ချင်းမလှ​ပျောက်​သွားတဲ့အခါ Technicရဲ့​ခေါင်းထဲမှာ​မေးခွန်း​ပေါင်းများစွာကရှိ​နေခဲ့သည်​။

တစ်​​ယောက်​​ယောက်​ကများ P'Tayကိုမဟူတ်​တာ​တွေ​လျှောက်​​ပြောလိုက်​လို့များလား။

သူစဉ်းစားကြည့်​​လေ​လေ တစ်​ခုခုမှား​နေတယ်​ဆိုတာကပိုပြီး​တော့​သေချာလာ​လေ​လေဖြစ်​တာ​ကြောင့်​ သူလက်​​ဖျောက်​တီးလိုက်​ပြီးမတ်​တပ်​ထရပ်​လိုက်​သည်​။

HTCWhere stories live. Discover now