8

81 5 0
                                    

ဒုန်း

" အ "

ပစ္စည်း​တွေပြုတ်​ကျတဲ့အသံကနားထဲကိုဝင်​လာတဲ့အခါ Technicတစ်​​ယောက်​အိပ်​ရာ​ပေါ်က​နေထခုန်​မိ​တော့မလိုဖြစ်​သွား​သေးတယ်​ အ​စောပိုင်း​တော့ ဒီအသံ​တွေဘယ်​ကထွက်​လာလဲဆိုတဲ့အ​ကြောင်းရင်းကိုသူမသိ​ပေမယ့်​ ​အောက်​ကိုငုံ့ကြည့်​လိုက်​တဲ့အခါ သူ့မြင်​ကွင်းထဲမှာအနက်​​ရောင်​​ခေါင်းလုံးလုံး​လေးကိုမြင်​လိုက်​ရတယ်

"P'Tay!!!"

Technicကုတင်​ရဲ့​ဘေးတစ်​ဖက်​ခြမ်းကိုအမြန်​​ပြေးပြီး အလန့်​တကြားနဲ့ကြည့်​လိုက်​တဲ့အခါ ကြမ်းပြင်​​ပေါ်မှာရှိ​နေပြီး​တော့သူ့ဖင်​ကိုပွတ်​​နေတဲ့P'Tayကို​တွေ့လိုက်​ရတယ်

"P'အဆင်​​ပြေရဲ့လား"

"Nong Nic!!!"

P'Tayကသူ့ဘက်​ကိုအမြန်​လှည့်​လာတယ်

"ဘာမှမဖြစ်​ပါဘူး ရပါတယ်​ P'အိပ်​ရာ​ပေါ်ကပြုတ်​ကျတာမဟုတ်​ပါဘူး N'Nicပြန်​အိပ်​​တော့​လေ "

P'Tayကရုတ်​တရက်​ကြီးမတ်​တပ်​ထရပ်​လိုက်​ပြီး ဘာမှမဖြစ်​တဲ့မျက်​နှာအမူအရာနဲ့​ပြောလာ​ပေမယ့်​ သူ့မျက်​ဝန်းထဲမှာ​တော့ မျက်​ရည်​​တွေ​တောင်​ဝဲ​နေပြီ

ဘာမှမဖြစ်​ဘူးဆိုလည်းထားလိုက်​ပါ​တော့ ဒါ​ပေမယ့်​ဘာလို့P'လက်​ကဖင်​ကိုပဲပွတ်​​နေပြီး​တော့​ခြေ​ထောက်​ကလည်းတစ်​ဆတ်​ဆတ်​တုန်​​နေရတာလဲ

မ​နေ့ညကပထမတစ်​​ခေါက်​ပြီးသွားတဲ့အချိန်​မှာ Technicတစ်ယောက်​သူဒီအခန်းခကိုတန်​​အောင်​သုံးရမယ်​လို့ခံစားမိလိုက်​ပြီး သူ​နောက်​ထပ်​ဆက်​ပြီး​တော့တိုက်​ခိုက်​လိုက်​တာများသွားတယ်​ထင်​တယ်

"ကျွန်​​တော်​နိုး​နေပါပြီ P'​ရေချိုး​တော့မှာလား "

" ဪ...အင်း "

"Hmmmm"

( ဖုံး )

ဟမ့်​ ချစ်​ဖို့​ကောင်းသားပဲ

Tayတစ်​​ယောက်​ Technicသူ့ညီ​လေးကိုစိုက်​ကြည့်​​နေတာကိုသတိထားမိသွားတဲ့အချိန်​မှာ သူ့လက်​နှစ်​ဖက်​နဲ့ကွယ်​ဖို့ကြိုးစားလိုက်​တာကိုကြည့်​ရင်း Technicရယ်​လိုက်​မိသည်​။အစ်​ကိုကြီးကတအားကိုရှက်​​နေ​ပေမယ့်​လည်း ညီ​လေးက​တော့သူ့ရဲ့​စောင်​​တွေကိုဖယ်​ချလိုက်​ရင်း​ရှေ့ကိုတိုးလာသည်​။

HTCWhere stories live. Discover now