1-2-1

67 7 0
                                    

" အာ ​ဟေ့​ကောင်​ Kla အပြင်​မှာပဲသွားစားကြရ​အောင်​ပါဆို​နေ "

" Ai'Nic အရူးထမ​နေနဲ့ ​နောက်​မိနစ်​​လေးဆယ်​ဆိုရင်​ပဲငါတို့​နောက်​တစ်​ချိန်​ကိုတက်​ရ​တော့မယ်​ ကားကိုပါကင်​က​နေထုတ်​တာရယ်​ဟိုသွား ဒီသွားတာရယ်​နဲ့တင်​ တွက်​ကြည့်​ဦး အချိန်​မ​လောက်​ဘူးကွ ကန်​တင်းမှာပဲစားကြရ​အောင်​ကွာ "

တစ်​ကယ်​​တော့ မ​နေ့ကဖြစ်​ခဲ့တဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး Technicအခုထက်​ထိအဆင်​မ​ပြေ​သေးဘူး

မနက်​ခင်းအတန်းချိန်​ပြီးသွားတာနဲ့တစ်​ပြိုင်​နက်​ အချစ်​ဆုံးသူငယ်​ချင်းကသူ့အနားကိုဝရုန်း​သုန်းကား​ရောက်​လာပြီး လည်​ပင်းကိုညှစ်​ထားရင်း​ပြောလိုက်​တာက ကန်​တင်းမှာပဲသွားစားကြရ​အောင်​တဲ့ အရင်​တုန်းက​တော့မဆိုင်းမတွကိုလက်​ခံမှာဆို​ပေမယ့်​ ဟိုသတင်းထွက်​လာပြီးကတည်းက ကန်​တင်းကိုသွားဖို့ဆိုတာက Technicအတွက်​အိပ်​မက်​ဆိုးတစ်​ခုလိုပဲမို့ တတ်​နိုင်​သမျှ​ရှောင်​ပြီး​တော့သွားဖြစ်​တယ်

တစ်​​ယောက်​​ယောက်​ကသူ့ဂုတ်​ကိုဆွဲကိုင်​ပြီးတစ်​ခုခုကိုထပ်​​ကြေညာလိုက်​မှာကို သူတစ်​ကယ်​​ကြောက်​​နေပါပြီ

နောက်​ပြီး သူကန်​တင်းကို​ရောက်​​နေတယ်​ကြားရင်​ သူ့ကိုလာရှာမယ့်​Ex​တွေ သူ့ကို​အောက်​က​နေ​နေခိုင်းလို့ရမယ်​ထင်​ပြီးလာဖွင့်​​ပြောတဲ့​ယောကျာ်းဘသားကြီး​တွေ

ငါက​အောက်​မှာ​နေစရာလား ​နေချင်း​နေအ​ပေါ်မှာပဲ​နေမှာ​ပေါ့

"ထိုင်​စရာ​ရောရှိရဲ့လား"

Technic မအီမလည်​နဲ့ပဲ​မေးလိုက်​တယ်​ မတတ်​သာလို့သ​ဘောတူလိုက်​ရတာ​တောင်​မှ သူ့စိတ်​ကအခုထက်​ထိငြင်းဆန်​ချင်​​နေတုန်း

အခုက​နေ့လည်​စာစားချိန်​မို့ ကန်​တင်းမှာက​ကျောင်းသား​တွေပြည့်​နှက်​​နေမှာ ဒါ​ပေမယ့်​လည်း​ဘေးကအရူး​ကောင်​ကထိုင်​စရာ​နေရာမရမှာကိုလုံးဝမစိုးရိမ်​တဲ့ပုံနဲ့

"လာပါကွာ ငါတို့အတွက်​​နေရာဦး​ပေးနှင့်​တဲ့သူရှိပြီးသား"

HTCWhere stories live. Discover now