P'Tayဆီကနေသူထွက်ပြေးနေတာကိုရပ်လိုက်တော့မယ်လို့ Technicပြောခဲ့တယ် အမြဲတမ်းငါဇာတ်တူသားမစားဘူးလို့အော်နေခဲ့တဲ့ကောင်လေးဟာ သူ့ရဲ့စိတ်ကိုပြောင်းပစ်လိုက်ပြီး သူ့သူငယ်ချင်းရဲ့'စွဲလမ်းနေပြီ'ဆိုတဲ့စကားကိုငှါးသုံးနေခဲ့တယ်
အဲ့ဒီစကားစုလေးတစ်ခုနဲ့တင် သူပြောချင်တဲ့အရာအားလုံးကိုအသေအချာဖော်ပြနိုင်တာကတော့အမှန်ပဲ
P'Tayကသူအပေါ်ထပ်ကနေရမယ်ဆိုတဲ့အတွေးကို လက်စွဲကိုင်ထားတာကိုတော့သိပ်ပြီးဘဝင်မကျပေမယ့် အဲ့ဒီသောကြာနေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်တွေးကြည့်လိုက်ရင် သူ့အနေနဲ့ခံစားရတာကသိပ်မဆိုးသလိုပဲ မဟုတ်ဘူး အဲ့ဒီညကဖြစ်ခဲ့တာတွေကမဆိုးပါဘူးဆိုတဲ့အဆင့်မှာတင်မဟုတ်ပဲ အရမ်းကောင်းတယ်ဆိုတဲ့အဆင့်ထိရောက်သွားခဲ့တယ်
အခုချိန်မှာ Kengklaပြောနေကျကမ္ဘာသစ်ဆီကိုဝင်ရောက်ခြင်းဆိုတဲ့စကားကိုသူနားလည်သလိုတော့ရှိပေမယ့် အဲ့ဒါနဲ့ပဲသူကယောကျာ်းတွေအကုန်လုံးနဲ့အဆင်ပြေသွားပြီလို့ယူဆလိုက်လို့တော့မရဘူး
ဥပမာအနေနဲ့ပြောပြရရင် အတွေ့အကြုံရအောင် Videoတစ်ချို့ကိုကြည့်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီထဲကလူတွေကိုကြည့်ပြီးတော့သူ့စိတ်ကလှုပ်ရှားတာမျိုးမရှိသလို အဲ့ဒါတွေကိုတစ်ခုမှကိုပြီးအောင်မကြည့်နိုင်ပြန်ဘူး
ပြီးတော့ Technicရဲ့ကမ္ဘာသစ်ကလူတိုင်းကိုလက်ခံထားတာမဟုတ်ပဲ သူ့ကိုအောက်မှာထားဖို့ကြိုးစားနေတဲ့စီနီယာတစ်ယောက်တည်းကိုပဲလက်ခံထားတာ ကြောင်မျက်နှာနဲ့စီနီယာတစ်ယောက်တည်းကပဲ သူ့ကိုစိတ်လှုပ်ရှားအောင်လုပ်နိုင်ပြီးတော့ ဆွဲဆောင်နိုင်တာ
သူ့ရဲ့သားကောင်ကိုသေချာသတ်မှတ်ပြီးပြီဆိုတာနဲ့ နောက်ဆုံးတော့Technicသူ့ရင်ထဲမှာလအတော်ကြာဖုံးကွယ်ထားတဲ့ပင်ကိုဗီဇကိုပြန်ပြီးတော့ ထုတ်လွှတ်ဖို့ပြင်ဆင်လိုက်တယ်
YOU ARE READING
HTC
RomanceTitle:HOW TO CHANGE Author:Khun MAME Translator:Yurio Kuco Length:TBA Main pair:Technic ♥ Tay ယူရီအိုဒီဟာကိုရေးတာနဲ့ပတ်သတ်ပြီးနည်းနည်းလောက်ရှင်းပြချင်ပါတယ် How to Changeက အရင်တစ်ခြားလူဘာသာပြန်ပြီးသားရှိပါတယ်နော် ဒါပေမယ့်လည်းသူကအပိ...