EP-1

2.8K 62 1
                                    

[Zawgyi]


လေတစ်ဖြူးဖြူးတိုက်နေတဲ့
မြက်ခင်းပြင်ရဲ့ အလယ်မှာ
ကောင်လေးတစ်ယောက်က နေမင်းကြီးဘက်ကို
ကြည့်ကာ အလှဆုံးပြုံးပြနေသည်။

ထိုအခြင်းအရာက ကြည့်လို့မဝတော့မဲ့
ပန်းချီကားတစ်ချပ်လို့ ပြောရင်
ဘယ်သူမှ ငြင်းမှာမဟုတ်ဘူး။

ဘာလို့ဆိုတဲ့ အကြောင်းပြချက်ကို
ပြောပြရင် တောက်ပနေတဲ့နေမင်းကြီးရဲ့ အလယ်
လေတစ်ဖြူးဖြူးတိုက်နေလို့ ဆံပင်တွေက လွှင့်နေပြီး ပြုံးလိုက်ရင် ကလေးလေးတစ်ယောက်လို့ ချစ်ဖို့တအားကောင်းတာမို့

ထိုကောင်လေးက သူလက်တွေကို
ဆန့်လိုက်ကာ နွဦေးလေကို ခံစားနေသည်။

ကောင်လေးဝတ်ထားတဲ့ T-shitအဖြူရောင်
ပွပွလေးကလည်း လေ၏ ဆွဲခေါ်ရာနေရာကို
လိုက်ကာ လေနှင့်အတူပြိုင်တန်းနေသည်။

ဂျိန်း!!

ကြည်လင်နေတဲ့ ကောင်းကင်မှ
ရုတ်တရပ်လက်သွားတဲ့ အဖြူရောင်ရှိတဲ့
လျှပ်စီးတစ်ကြောင်းနှင့်အတူ မိုးခြိမ်သံ

ထိုအသံတွေလာပြီးတာနဲ့
မိုးကောင်းကင်မှ မြေပြင်ပေါ်သို့ ကျလာတဲ့
အဖြူရောင်မိုးစက်ကလေးတွေ

ခဏအချိန်လောက်ကမှ တောက်ပနေတဲ့
နေမင်းကြီးကလည်း အခုဘယ်ကိုရောက်နေမန်းလည်း မသိတော့ပါ။

ထိုကောင်လေးက အရိပ်ရရာ
နေရာတစ်ခုကို မိုးသည်းလာမှုကြောင့်
ပြေးသွားလိုက်သည်။

တစ်ဖြည်းဖြည်းပိုကြမ်းလာတဲ့
မိုးသံကြောင့် ထိုကောင်လေးက သူနားတွေကို အုပ်လိုက်၍ မျက်လုံးတွေကိုမှိတ်ထားလိုက်ကာ သူတစ်ယောက်လောက်သာ ကြားနိုင်မဲ့ စကားတစ်ချို့ကို ရေရွတ်လိုက်သည်။

"သေလိုက်ပါတော့ ဝမ်ရိပေါ်ရယ်
ထီးပါမလာမှ မိုးကသည်းလာတယ်လို့"

ဟုတ်ပါတယ် ထိုကောင်လေးက
ဝမ်ရိပေါ်~

ရိပေါ် သူနားတွေကို ပြန်အုပ်လိုက်ပြီ
မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သည်။

သူထိုင်နေတဲ့ ထိုင်ခုံလေးနဲ့
မနီးမဝေးမှာ ပန်းခြင်းတစ်ခုနဲ့ မိုးရွာထဲ
ထိုင်နေတဲ့ ကောင်လေးလို့ပဲပြောရမလား?
သူထက်တော့ နည်းနည်းကြီးမယ်ထင်သည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now