ကိုယ့်ဘဝရဲ့လေပြေညင်း
တီ..တီ..တီ...
အချိန်မှန်မြည်လေ့ရှိတဲ့ နိုးစက်ကို
ရိပေါ်လက်ကလေးနဲ့ အသာပိတ်လိုက်ကာ
သူမျက်လုံးတွေက မှေးနေတာမို့
အိပ်သာပြန်အိပ်လိုက်သည်။အိုအိုင်းမီတုန်း...
ရိပေါ် အိပ်နေတုန်း
message ဝင်လာသံရဲ့
အိပ်တာ ကြာပြီလဲဖြစ်တာမို့
အသာအယာကုန်းထလိုက်သည်။အသာအယာထလိုက်တာတောင်
ခေါင်းက မူးဝေဝေရယ်ပါ။ရိပေါ် နိုးလာတော့ မျက်နှာခင်းတောင်
ရောက်နေပြီမို့ ထရန်ပြင်လိုက်သည်။ဖုန်းscreenမှာ တွေ့ရတဲ့
ကောချန်ဆီက 'ညနေငါမင်းcondoကိုလာမယ်'ဆိုတဲ့
စာကြောင်းကို ဖတ်ပြီး ရိပေါ်
အလုပ်သွားရန် စိတ်ကူးရလားပြီ
နာရီကိုကြည့်မိသည်။နာရီကိုကြည့်တော့ 9နာရီထိုးနေပြီးမို့
အမြန်ရေချိုးခန်းထဲကို ဝင်ရသည်။မဖြစ်ဘူး..!!
သူအလုပ်နောက်ကျတော့မှာပဲ...ရိပေါ် ရေချိုးအဝတ်လဲပြီးကာ
မီးဖိုခန်းဘက်ကို
ခေါက်ဆွဲအမြန်ပြုတ်စားရန်ထွက်လာတော့
စားပွဲပေါ်မှာ ကြက်သားဆန်ပြုတ်၊နွားနို့နဲ့
စာတစ်ရွက်ကြောင့်
အဲစာကို ဖွင့်ဖတ်ကြည့်လိုက်သည်။[ဝမ်..!
ဒီနေ့အလုပ်မလာနဲ့တော့နော်..
ကိုယ်ဆန်ပြုတ်နဲ့ နွားနို့လုပ်ပေးထားတယ်
အဲတာတွေစားပြီရင်း
ဆေးသောက်ဖို့မမေ့နဲ့အုံးနော်..
နွေးနွေးထွေးထွေးကော ဝတ်ထား]ရိပေါ် သက်ပြင်းရဲ့ရဲချလိုက်ကာ
အသာလေးပြုံး လိုက်သည်။ကျန့်ကောက တကယ်ကို
ချစ်ဖို့ကောင်းတာပါ။ရိပေါ် ကျန့်ကောလုပ်ထားတဲ့
ကြက်သားဆန်ပြုတ်ကို
စားပြီး ဆေးသောက်က
အိပ်ချင်လာသည်။အေးပေါ့ သူသောက်တဲ့ဆေးထဲမှာက
ဘာမိတွန်လည်း ပါတာဆိုတော့
အိပ်ချင်တာမဆန်းပါဘူး။ရိပေါ် အိပ်ရာပေါ်ကို ခေါင်းတင်လိုက်နဲ့
တခဏအတွင်းမှာတင် ဆေးရှိန်ကြောင့်
အိပ်ပျော်သွားသည်။
YOU ARE READING
ကိုယ့်ဘဝရဲ့လေပြေညင်း
Romanceမင်းရဲ့အနံအသက်လေးက အစ လေထဲမှာပျံလွင်မှု မရှိအောင် ကိုယ့်ရင်ဘက်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မုန်တိုင်းပြီးရင်လာတဲ့ သက်တံလေးလို့ မင်းရဲ့အပြုံးက ကိုယ့်ကိုခွန်းအားတွေ ပေးတယ်။ မင်းလေးဆိုတဲ့အရာက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးသားရဲ့ပိုင်ရှင်ပဲ။...