ကိုယ့်ဘဝရဲ့လေပြေညင်းရှောင်းကျန့် ရိပေါ်ထွက်သွားတော့
တွေးမိသည်။
ရိပေါ်က လူကောဟုတ်ရဲ့လားလို့
နတ်သားလေးများလားလို့။စိတ်သဘောထားပြည့်စုံလိုက်တာ
ရိပေါ်လေးကမားဆီကို ဖုန်းဆက်ပြီ
ရှောင်းကျန့် အားလုံးကို
ပြောပြပေမဲ့ မားက လက်မခံချင်သလိုဖြစ်နေသည်။
မားလက်မခံချင်လည်း ဒါက အမှန်တရားမို့
ပြောင်းလဲသွားမှာမဟုတ်ဘူး။ရှောင်းကျန့် မားကို
ဖုန်းဆက်ပြောပြီး မျက်လုံးစင်းတာနဲ့
ခဏအိပ်လိုက်သည်။//////////////
ရိပေါ်က ခေါက်ဆွဲစားခိုင်းတာကြောင့်
ရှောင်းကျန့် ကုပ်ကုပ်နဲ့ ခေါက်ဆွဲတွေကို
ပါးစပ်ထဲထည့် နေရသည်။ရိပေါ်ဘက်က စကားစမပြောလာတာမို့
ရှောင်းကျန့် ငြိမ်နေမိသည်။"ရိပေါ်"
ရိပေါ်စကားစပြောလည်း
ဘာအရေးလဲ? သူဘက်ကစပြောလိုက်မှာပေါ့။"ဟာ~"
ရိပေါ်ရဲ့ ပြန်ထူးတဲ့အသံလေးက
သိပ်ချစ်ဖို့ကောင်းသည်။
သူသာ အခုမျက်လုံးမြင်ရင် သေချာပေါက်
ရိပေါ်ရဲ့ အူကြောင်ကြောင်ရုပ်လေးကိုပါ
သူမြင်ရမှာ~"ကိုယ့်အကြောင်းကို မသိချင်ဘူးလား?"
"ဟင့်အင်း"
ဘယ်လိုရီးလဲ ကောင်လေးရယ်
နည်းနည်းပါးပါးတော့
အင်းလေ ပြောရမှာပေါ့။
စိတ်မကောင်းဖြစ်သွားမိပြီ
ကောင်လေးရယ်~"ခင်ဗျားအကြောင်းကို မသိချင်ဘူး
ဒါပေမဲ့ သိတော့သိချင်ပါသေးတယ်"ရိပေါ်ရဲ့ နောက်ဆက်တွဲစကားကြောင့်
စိတ်မကောင်းဖြစ်နေတဲ့စိတ်တွေ ဘယ်ရောက်သွားမန်းမသိတော့~
မသိချင်တာနဲ့ စာရင်တော့
ကောင်းတာပေါ့။"ဒါနဲ့ ရှောင်းကျန့် ခင်ဗျားအသက် ဘယ်လောက်လဲ?"
ရိပေါ်ရဲ့အမေးကြောင့်
ရှောင်းကျန့် မသိမသာပြုံးမိသည်။"၃၀"
"၃၀ကျွန်တော်ထက် ၆နှစ်တောင်ကြီးတာပဲ"
YOU ARE READING
ကိုယ့်ဘဝရဲ့လေပြေညင်း
Romanceမင်းရဲ့အနံအသက်လေးက အစ လေထဲမှာပျံလွင်မှု မရှိအောင် ကိုယ့်ရင်ဘက်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မုန်တိုင်းပြီးရင်လာတဲ့ သက်တံလေးလို့ မင်းရဲ့အပြုံးက ကိုယ့်ကိုခွန်းအားတွေ ပေးတယ်။ မင်းလေးဆိုတဲ့အရာက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးသားရဲ့ပိုင်ရှင်ပဲ။...