ep-27

398 22 1
                                    

ကိုယ့်ဘဝရဲ့လေပြေညင်း

ရှောင်းကျန့် ထိုင်ခုံရဲ့အနောက်ကို
လှည့်ကြည့်လိုက်တော့
မျက်မှောင်တွေကြုံသွားရသည်။

"ဟန်လျှိုချင်..?"

ဟန်လျှိုချင် ဟုတ်တယ်
ဒီမိန်းကလေးပဲ..
ရိပေါ် ပျောက်သွားတဲ့နေ့ကစပြီး
သူလည်းရုံးမတက်ဖြစ်သလို..
ဟန်လျှိုချင်လည်းအတူ
ရုံးမတက်ဘူးလို့ ကျိုးချန်ဆီက
သူသတင်းရထားခဲ့တာ..

သူမက messageပို့ပြီး သူကို
ချိန်းတဲ့တစ်ယောက်လား..?

သူမက ဘာလို့ရိပေါ်ရဲ့
သတင်းအချက်အလက်တွေကို
သိနေရတာလဲ..?

သူရိပေါ်နဲ့ ပတ်သက်ပြီး
သတင်းရထားသလောက်ကတော့
လူကြီးမင်းဟန်ရဲ့ လက်ချက်ပါ။

လူကြီးမင်းဟန်ရဲ့လက်ချက်ဆိုရင်
ဟန်လျှိုချင်က ဘာကြောင့်
သူတို့ရိပေါ်ကို ရှာဖို့ ကူညီပေးနေရတာလဲ..?

"အင်း ကောင်းတယ် နင်ဘယ်သူကိုမှ
ခေါ်မလာတာ
ပထမဦးဆုံးအနေနဲ့ ငါနင်ကို
တောင်းပန်ပါတယ်..
ငါပါးက ရိပေါ်ကို ဖမ်းထားတာဟာ..!!"

"ဒါဆို မင်းကဘာကြောင့်
ငါကို ကူညီပေးရတာလဲ..?"

"ငါက ရိပေါ်ကို ချစ်မိနေလို့လေ.."

"ဟာ..!!"

"ဒါပေမဲ့ နင်စိတ်ချပါ..
ငါက ရိပေါ်ကို ချစ််တယ်ဆိုပေမဲ့
ရိပေါ်ပျော်တာကိုပဲ မြင်ချင်တဲ့လူပါ"

----------------

ဟန်ချင် သူမ ညနေရုံးကနေပြန်လာရင်း
ရိပေါ်ငိုသွားတဲ့ ပုံစံလေးကို
ပြန်ပြန်တွေးမိပြီး သူမ ပါးကိုသူမပြန်ရိုက်နေမိသည်။

သူမကြောင့် ရိပေါ် မျက်ရည်ကျသွားရပြီ။
သူမအပြစ်လုံးဝမကင်းဘူး။

ရိပေါ်ကို ငိုသွားအောင် လုပ်နိုင်သလို
ရိပေါ် ပျော်အောင်လည်း
သူမလုပ်နိုင်ရမယ်။

ရိပေါ်က ရှောင်းကျန့်ကို
တအားချစ်တဲ့ပုံပဲ..။
ရှောင်းကျန့်နဲ့ ပတ်သက်တာပြောရင်
ရိပေါ် မျက်နှာလေးက
ပြုံးယောင်သန်းနေခဲ့တာ..
ပြီးတော့ အခုရိပေါ်ငိုသွားရတာလည်း
ရှောင်းကျန့်ကို အခြားတစ်ယောက်နဲ့
တွေ့လိုက်လို့ပဲ ဆိုတာ
သူမသိလိုက်သည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now