ကိုယ့်ဘဝရဲ့လေပြေညင်း
တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့
လွင်ပြင်ကျယ်ကြီးထဲမှာ
ကောင်မလေးတစ်ယောက်ရယ်..
ကောင်လေးနှစ်ယောက်ရယ်က
မျက်နှာချင်းဆိုင် ရပ်နေကြသည်။ထိုကောင်မလေးက
သူအရှေ့က ကောင်လေးကို
သိုင်းဖက်လိုက်သည်။သူမ တစ်ခါတော့
ဒီလူသားကို ဖက်ထားချင်မိတယ်...သူမသာ ဒီကောင်လေးက
တွယ်ကပ်ထားလို့ရရင် တွယ်ထားချင်သေးတယ်..ဒါပေမဲ့ သူမရဲ့ မိသားစုက
လုပ်ရပ်တွေကြောင့် သူမ ဒီကောင်လေးအပေါ်
အားနာမိသလို နောက်ထပ်အကြောင်းပြချက်
တစ်ခုက ဒီကောင်လေးမှာ သူလိုပဲ
ချစ်ပေးနေတဲ့ လူသားတစ်ယောက်
ရှိနေပြီပဲလေ...
သူလက်လျောလိုက်တာက...
ဒီအချက်၂ချက်နဲ့တင်ကို
လုံလောက်နေခဲ့ပြီမဟုတ်လား..?သူမ ထိုကောင်လေးကို
ဖက်တွယ်ရင်း မျက်ရည်တွေက
ကျလာသည်။[USကို သွားမဲ့ခရီးသယ်များ
Gate-5ကို လာခဲ့ပေးပါရှင်..
နောင်၁၀မိနစ်အတွင်း လေယာဥ်က
ထွက်ရှိတော်မှာမို့ မိမိတို့၏ခုံနေရာပေါ်၌
အဆင်သင့်နေရာယူထားရန်ပါရှင်...]ဟန်ချင် Speakerက ထွက်လာတဲ့
ကြေညာချက်ကြောင့် ရိပေါ်ကို
ဖက်ရာမှ လွှတ်ပေးလိုက်သည်။"ဟင့် သွားရတော့မယ် ရှောင်းကျန့် နင်ရိပေါ်ကို
သေသေချာချာ ဂရုစိုက်ပေးနော်..
ငါအမြဲသတင်းယူထားမှာ..
ရိပေါ် မျက်နှာတစ်ချက်မှဲ့နေတယ်လို့
ကြားတာနဲ့ ငါရိပေါ်ကို နင်ဆီကနေ လာလုမှာ..""ဟားဟားး... မင်းစိတ်အေးအေးထား..
ဘာလို့လဲဆိုတော့ ဝမ်ကိုငါအသက်ထက်
ပိုဂရုစိုက်မှာမို့.."ရှောင်းကျန့် ဟန်ချင်ရဲ့ အပြောကို
ပြန်လည်ချေပလိုက်သည်။"ဟန်ချင် အစစအရာရာအတွက်
ကျွန်တော် ဟန်ချင်ကို ကျေးဇူးတင်ပါတယ်နော်..
ဟို ဟန်ချင်သိချင်တဲ့ အကြောင်းအရာတွေကို
ကျွန်တော်ဒီစာထဲမှာ ရေးထားပေးတယ်..""ဘာလဲ ဝမ်ဘာရေးထားတာလဲ..?"
ရိပေါ် သူအိပ်ကပ်ထဲက
စာစောင်ကို ဟန်ချင်ကို ပေးပြီတာနဲ့
သူကိုမေးလာတဲ့ကောကြောင့်
ရယ်တော့ရယ်ချင်မိပါသည်။
YOU ARE READING
ကိုယ့်ဘဝရဲ့လေပြေညင်း
Romanceမင်းရဲ့အနံအသက်လေးက အစ လေထဲမှာပျံလွင်မှု မရှိအောင် ကိုယ့်ရင်ဘက်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မုန်တိုင်းပြီးရင်လာတဲ့ သက်တံလေးလို့ မင်းရဲ့အပြုံးက ကိုယ့်ကိုခွန်းအားတွေ ပေးတယ်။ မင်းလေးဆိုတဲ့အရာက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးသားရဲ့ပိုင်ရှင်ပဲ။...