ep-15

520 23 1
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

ရိပေါ် နိုးလာတော့
ညနေတောင်စောင်းနေပြီဖြစ်တာမို့
မျက်လုံးကို ပွတ်လိုက်ကာ
အသာအိပ်ရာပေါ်မှာ ထလိုက်သည်။

နေဝင်ချိန်က သူကို
ဆီးကြိုနေတာကြောင့်
ရိပေါ် ပြုံးမိသည်။

ခြေထောက်က အနည်းငယ်
ကျင်နေတာကြောင့် ရိပေါ် ရီနေမိသည်။

ဘာကြောင့် ခြေထောက်ကျင်ရင်
ရယ်ချင်နေပါ့လိမ့်။

ကျင်နေတဲ့ ခြေထောက်ကြောင့်
ရိပေါ် အခင်းကို ထိုင်ကာ
ရီရတော့သည်။

သူများတွေခြေထောက်ကျင်ရင်ကျတော့
ရယ်တာကို သူတစ်ခါမှ မတွေ့ဖူးဘူး။

သူကျတော့ ခြေထောက်ကျင်တဲ့
အချိန် ရယ်ပဲရယ်နေရတာမို့
ရိပေါ် ကျင်နေတဲ့ ခြေထောက်ကို
အသာလေး ပုတ်လိုက်သည်။

ခြေထောက်ကျင်တာသက်သာသွားတော့
ရိပေါ် အသာအယာ ခြေထောက်ကို
ကိုင်ပြီး ထလိုက်သည်။

လိုက်ကာကို ခဏဖယ်လိုက်ပြီး
ရိပေါ် ပြတင်းပေါက်ရဲ့ ဘေးနားမှာ
ရပ်လိုက်ကာ လေပြေညင်းကို
ခံစားမိသည်။

Parisမြို့ရဲ့ နေဝင်ဆည်းဆာက
အတော်လှပတာပဲ။

Parisရဲ့ မျှော်စင်ကြီးကလည်း
သူနဲ့လက်တစ်ကမ်းမှာရှိနေတာမို့
ရိပေါ် သဘောကျစွာပြုံးမိသည်။

အဲParisမျှော်စင်နားမှာ
ရိပေါ် ကျန့်ကောရဲ့ propose
အကြောင်းကို စဥ်းစားမိတာနဲ့
သူခေါင်းထဲ တမ်းပေါ်လာတဲ့
မဲမှောင်လွန်းပြီး
သူရဲ့လက်တွေ တုန်နေရတဲ့
အချိန်ကိုပေါ့။

အဲမီးကပျက်လို့ သူကြောက်ပြီး
ဆေးရုံကို ရောက်ရတာ။

ဒါပေမဲ့ Parisမြို့ကြီးက
အတော်လေးကို လှပတာကြောင့်
ရိပေါ် တွေးနေတာကို
ရပ်လိုက်ပြီး
Parisရဲ့ နေဝင်ဆည်းဆာကို
ကြည့်လိုက်တော့သည်။

Parisဆိုမှပဲ parisကို
ကျန့်ကောက အလုပ်ကိစ္စနဲ့ လာတာဆိုပြီ
အခုထိ ဘယ်အလုပ်ကိစ္စမှ
သူမလုပ်ရသေးတာမို့
ရိပေါ် ကြောင်သွားရသည်။

သူက ကျန့်ကောရဲ့အတွေးရေးမှူးလေး
ကျန့်ကောက သူရဲ့CEO
ဒါကြောင့် သူကကျန့်ကောနဲ့အတူ
အလုပ်တွေကို ကူလုပ်ပေးရမှာ
မဟုတ်လား.?

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now