ကိုယ့်ဘဝရဲ့လေပြေညင်း
ရှောင်းကျန့် သရဲအိမ်က အထွက်မှာ
ရိပေါ်မသိအောင် သရဲရဲ့ ခေါင်းကို
လက်သီးနဲ့ထိုးပြီ ရိပေါ်နောက်ကို
ပြေးလိုက်ရသည်။ရေခဲမှုန့်တစ်ယောက်တစ်ခုဆီ
ဝယ်ပြီ ပင်လယ်ဓားပြဘက်ကို
ထွက်လာခဲ့ကြသည်။ပင်လယ်ဓားပြစီးရတာ
ကြိုက်တဲ့ပုံနဲ့ ရိပေါ်က
လက်ကလေးကို ဆန့်ထားသည်။ပင်လယ်ဓားပြစီးပြီ
လမ်းလျှောက်၍ ကားနဲ့ကို
ပြန်လာချိန် ကလေးတစ်ယောက်က
အရုပ်ကောက်စက်က အရုပ်တစ်ခုကို
အားရပါးရကောက်နေသည်။ရှောင်းကျန့် ရိပေါ်ကို ကြည့်နေချိန်
ရိပေါ်က ထိုကလေးနဲ့အရုပ်ကောက်စက်နားကို
သွားလိုက်တာကြောင့် ရှောင်းကျန့်မှာ
အပြေးတစ်ကောနဲ့ ရိပေါ်နောက်ကိုလိုက်ရသေးသည်။ထိုကလေးရဲ့ လက်ထဲက
အကြွေစေ့လေးတွေတစ်ပြားပြီ
တစ်ပြားသာကုန်သွားသည်။ထိုကလေးလိုချင်တဲ့အရုပ်ကို
အခုထိမရသေး။
ထိုကလေးငယ်ရဲ့ နောက်ဆုံးအကြွေစေ့ပြားသာ
ထိုကလေးလက်ထဲမှာကျန်တော့သည်။နောက်ဆုံးတော့လည်း
ဒီကလေးငယ်က သူလိုချင်တဲ့အရုပ်ကို
မရသွားခဲ့ပေ။ထိုကလေးငယ်က သက်ပြင်းလေးချပြီ
ထွက်သွားတော့ ရိပေါ်က
စိတ်မကောင်းဟန်နဲ့ ထိုကလေးငယ်လိုချင်တဲ့
အရုပ်ကလေးကို ကြည့်နေသည်။ရှောင်းကျန့်တဲ့တစ်ကျန့်ပဲရှိတယ်။
ရှောင်းကျန့် သူလက်ထဲက
ယွမ်တွေနဲ့ အကြွေစေ့တွေကို
လဲလိုက်သည်။ယွမ်100မို့ အကြွေစေ့တစ်ရာရသည်။
ရှောင်းကျန့် အရုပ်ကောက်စက်ရှေ့မှာ
အကြွေစေ့တွေကို ထားလိုက်ပြီ
လက်အကြောဆန့်လိုက်တော့
ရိပေါ်နဲ့ ခဏက ကလေးငယ်က
သူနားကို လာကြည့်ကြသည်။ကဲဝက်ဝံရုပ်ရယ် မင်းကို
ငါကောက်ပြမယ် စောင့်ကြည့်နေလိုက်။တစ်ပြားပြီတစ်ပြားကုန်သွားတာ
97ပြားအထိ ရောက်လာခဲ့သည်။
ရိပေါ်နဲ့ ကလေးငယ်က
သူကို မျက်ခုံးကြီးကျုံကာ
ကြည့်လာကြသည်။
![](https://img.wattpad.com/cover/353242584-288-k28000.jpg)
YOU ARE READING
ကိုယ့်ဘဝရဲ့လေပြေညင်း
Romanceမင်းရဲ့အနံအသက်လေးက အစ လေထဲမှာပျံလွင်မှု မရှိအောင် ကိုယ့်ရင်ဘက်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မုန်တိုင်းပြီးရင်လာတဲ့ သက်တံလေးလို့ မင်းရဲ့အပြုံးက ကိုယ့်ကိုခွန်းအားတွေ ပေးတယ်။ မင်းလေးဆိုတဲ့အရာက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးသားရဲ့ပိုင်ရှင်ပဲ။...