ကိုယ့်ဘဝရဲ့လေပြေညင်းရိပေါ် အိပ်ရာထတာနဲ့
ရေမိုးချိုးအဝတ်အစားလဲကာ
ဖက်ထုပ်ချက်ပြီး companyကို
ထွက်လာခဲ့သည်။မနေ့က ရေချိုးကြာသွားလို့
ထင်သည်။နှာတွေစီးနေပြီ။
သူcompanyကို ရောက်တော့
companyမှာ ဘယ်သူမှမသိသေး။ရိပေါ် ဘောပင်က ခုံအောက်ထဲကို
ကျသွားတာကြောင့် ဘောပင်ကို
ကုန်းကောက်နေတုန်း ကျန့်ကောရုံးခန်းထဲကို
အကျီအမဲရောင်၊ဦးထုပ်အမဲ၊maskအမဲ
ဝတ်ဆင်ထားတဲ့
လူနှစ်ယောက်က ခိုးကြောင်ခိုးဝှက်ဝင်သွားသည်။ရိပေါ် တစ်ခုခုထူးဆန်းနေမန်း စိတ်ထဲက
ခံစားနေရတာကြောင့် စားပွဲအောက်နေရာတစ်ခုကနေသာ ထိုလူနှစ်ယောက် ကျန့်ကောရုံးခန်းထဲမှာ
ဘာတွေလုပ်နေလဲ အသာချောင်းကြည့်နေခဲ့သည်။ကျန့်ကောရဲ့ ရုံးခန်းထဲမှာ
ထိုလူနှစ်ယောက်က cameraအသေးစားလေး
တစ်လုံးကို လူမမြင်နိုင်တဲ့ နေရာမှ
တပ်ခဲ့ကာ ကျန့်ကောရုံးခန်း
အပြင်ဘက်ကို ထွက်လာခဲ့သည်။"Hello အကိုလေး အကိုလေးပြောသလို
ရှောင်းကျန့်ရဲ့ရုံးခန်းထဲကို
လျှိုဝှက်cameraတပ်ပြီးသွားပြီ""အခုက ဘယ်သူမှမရောက်သေးပါဘူး
ဒါကြောင့် ဘယ်သူမှ သိမှာမဟုတ်ပါဘူး
စိတ်ချပါ""ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့
ပြန်လာခဲ့ပါပြီ"'ဟပ်'
ရိပေါ် နှာချေတော့မှာမန်း
သိတာနဲ့ နှာခေါင်းကိုအမြန်ပိတ်လိုက်ရသည်။ထိုလူနှစ်ယောက်က ဖုန်းပြောပြီးတာနဲ့
အလျင်အမြန်ပြေးကာ
ထွက်သွားလိုက်ကြသည်။တော်ပါသေးသည်။
နှာချေတာကို သူတို့မကြားသွားလို့..
ကျန့်ကောရဲ့ရုံးခန်းက မှန်တံခါးနဲ့မို့လို့
မဟုတ်ရင် သူသိခွင့်ရမှာမဟုတ်ဘူး။ဒါပေမဲ့ ခဏကလူတွေက
ဘယ်သူတွေလဲ..?
ကျန့်ကောရဲ့ ရုံးခန်းထဲမှာမှ
ဘာကိစ္စကြောင့် လျှိုဝှက်cameraအသေးကို
လာတပ်ထားတာလဲ.?ကျန့်ကောလာရင် သူပြောပြရမယ်။
ရိပေါ် နောက်10မိနစ်ကြာမှ
ကျန့်ကောရဲ့ ရုံးခန်းထဲကိုဝင်ပြီး
ဖက်ထုပ်ဘူးလေး ချထားကာ
အသာအယာ ထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/353242584-288-k28000.jpg)
YOU ARE READING
ကိုယ့်ဘဝရဲ့လေပြေညင်း
Romanceမင်းရဲ့အနံအသက်လေးက အစ လေထဲမှာပျံလွင်မှု မရှိအောင် ကိုယ့်ရင်ဘက်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မုန်တိုင်းပြီးရင်လာတဲ့ သက်တံလေးလို့ မင်းရဲ့အပြုံးက ကိုယ့်ကိုခွန်းအားတွေ ပေးတယ်။ မင်းလေးဆိုတဲ့အရာက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးသားရဲ့ပိုင်ရှင်ပဲ။...