ကိုယ့်ဘဝရဲ့လေပြေညင်း
မွ!!
ရှောင်းကျန့် ရုတ်တရက်ကြီးသူ
နှုတ်ခမ်းကိုအဖွလေးလာနမ်းသွားတဲ့
ရိပေါ်ကြောင့် မျက်လုံးပြူးရင်
သူကမ္ဘာကြီးရပ်တန့်သွားခဲ့သည်။ရင်ခုန်တွေမြန်လာသလို ဖြစ်နေသည်။
ရှောင်းကျန့် အတွေးပေါ်ပြီး
ရိပေါ်ကိုကြည့်တော့ ထိုကောင်လေးငယ်က
အိပ်နေခဲ့ပြီ။တကယ်ကိုအအိပ်ပုတ်လေးပါပဲ။
ရှောင်းကျန့် ရိပေါ်နမ်းသွားခဲ့တဲ့
သူနှုတ်ခမ်းကိုကိုင်ကာ ပြုံးနေခဲ့သည်။သူစိတ်ကူးထားသည်။
ရိပေါ်နမ်းသွားတဲ့ ဒီနှုတ်ခမ်းကို
လုံးဝရေနဲ့မဆေးတော့ဘူးလို့။ဒါနဲ့ဘာကြောင့် ရိပေါ်က
သူကိုနမ်းလိုက်တာလဲ.?
ဧကန္တ ရိပေါ်ကလည်း သူကိုပြန်ချစ်နေလို့လား.?ရှောင်းကျန့် ရိပေါ်ကလည်းသူကိုပြန်ချစ်နေလို့လား.?
ဆိုတဲ့ အတွေးနဲ့တင် သူမျက်နှာပေါ်ကို
အပြုံးတွေလွှမ်းမိုးသွားခဲ့သည်။////////////
ရိပေါ် ရုတ်တရက်လိုလို
ဘယ်လိုဖြစ်ပြီးသူနှုတ်ခမ်းက
ကျန့်ကောနှုတ်ခမ်းကို သွားနမ်းလိုက်လဲတောင်
မသိလိုက်အောင်ပင် အချိန်တွေက
တအားမြန်သွားခဲ့သည်။ရိပေါ် သတိဝင်ဝင်ချင်း
မြန်မြန်ကျန့်ကောကို ကြည့်လိုက်တော့
ကျန့်ကောက မျက်လုံးကြီးပြူးကာ
ကြောင်နေတာမို့ ရိပေါ်
ကျန့်ကောကို ဖြေရှင်းချက်မပေးချင်တာမို့
မျက်လုံးကိုသာ အလျင်အမြန်ပိတ်လိုက်သည်။တော်နေကမှ အိပ်ထားတဲ့
မျက်လုံးက အလျင်အမြန်အိပ်ပျော်သွားတာ
ထူးဆန်းပါပေရဲ့။///////////
ရှောင်းကျန့် လေယာဥ်ပေါ်ကဆင်းပြီး
တရုတ်ကိုရောက်တာတောင်
မနိုးသေးတဲ့ အမောင်အိပ်ပုတ်လေးရိပေါ်ကို
ပြုံးကာ ရိပေါ်ရဲ့ နှာခေါင်းလေးကို
အသာဆွဲလိုက်သည်။သူဆွဲလိုက်တော့ အကောင်ပေါက်လေးက
မျက်လုံးတွေကို လက်နဲ့အရင်ပွတ်ပြီး
အားကိုသန်းပြီ သူကို
မျက်လုံးကြီးပြူးကာ လာကြည့်နေသည်။
YOU ARE READING
ကိုယ့်ဘဝရဲ့လေပြေညင်း
Romanceမင်းရဲ့အနံအသက်လေးက အစ လေထဲမှာပျံလွင်မှု မရှိအောင် ကိုယ့်ရင်ဘက်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မုန်တိုင်းပြီးရင်လာတဲ့ သက်တံလေးလို့ မင်းရဲ့အပြုံးက ကိုယ့်ကိုခွန်းအားတွေ ပေးတယ်။ မင်းလေးဆိုတဲ့အရာက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးသားရဲ့ပိုင်ရှင်ပဲ။...