ep-12

565 29 1
                                    

ကိုယ့်ဘဝရဲ့လေပြေညင်း

ဟန်ချင် companyကိုကားနဲ့အလာမှာ
တစ်ယောက်သောသူနဲ့ တူသောလူကို
တွေ့လိုက်ရတာကြောင့် ထိုလူနောက်ကို
မသိမသာလေး လိုက်သွားမိတော့
ထိုလူကလည်း သူသွားမဲ့နေရာနဲ့အတူ
ရှောင်းကျန့်ရဲ့ အတွေးရေးမှူးနေရာမှာ
ထိုင်လိုက်တာကြောင့် ဟန်ချင်
ထိုလူအနားက ခုံတစ်ခုမှာ ထိုင်လိုက်သည်။

သူက ထိုလူကိုကြည့်နေပေမဲ့
ထိုလူက သူကိုအကြည့်တစ်ချက်ပင်
မပေးလာတာကြောင့် ဟန်ချင်
ထိုလူရဲ့ရုပ်ကို သေချာမမြင်ရသေး။

computerကိုပဲ ခေါင်းငေါက်စိုက်နဲ့ပဲ
အလုပ်လုပ်နေတဲ့ ထိုလူသားက
သူဒီမှာထိုင်နေမန်းတောင်
သိမဲ့ပုံ လုံးဝမပေါ်။

တကယ်ကို အလုပ်ဂျပိုးပဲ။
ဒီလိုအလုပ်ဂျပိုးနဲ့အတူ
အလုပ်မှာ ရာထူးချင်းလာတူနေတာ
သူမအတွက်က ကောင်းတဲ့
လက္ခဏလို မသတ်မှတ်ဘူး။

အခုထဲက ဒီကောင်လေးထက် ရာထူးတိုးဖို့
ဒီလူထက်ပိုမိုပြီ သူမ
အလုပ်လုပ်ပြရတော့မှာပေါ့။

မလွယ်ကူနေဘူး
သူမရဲ့ပုံမှန်အပူအကင်းတဲ့
ဘဝကိုပဲ သူမပြန်ရချင်မိပါသည်။

သူစဥ်းစားနေတုန်း ရောက်လာတဲ့
ရှောင်းကျန့်က ပြုံးရိပ်သန်းနေပြီး
မျက်နှာက ချက်ချင်းပြန်မဲ့သွားသည်။

"Good morningပါ CEO"

ထိုကောင်လေးက အခုမှသူဘေးနား
ရှိမန်း သိသွားသည့်ပုံစံနဲ့ သူကို
မျက်လုံးလေးပြူးပြီး ကြည့်လာသည်။

ဟုတ်တယ်။
သူထင်တာမှန်တာပဲ။
ဟိုနေ့က လူပဲ။
ပြန်တွေ့ရတာ သူတို့က ရေစက်ပါလို့ပဲ။

တကယ်ကို ဒီကောင်လေးကို
ပြန်တွေ့ရတာပဲ။

ဟန်ချင် သူမနည်းဖြင့်သာ
ထိုကောင်လေးကို ချည်းကပ်ရန်
အကြံဉာဏ်ထုတ်နေမိသည်။

"တို့နာမည်က လျှိုဟန်ချင်ပါ"

သူမက သူမနာမည်ကို
ထုတ်မိတ်ဆက်တော့ ထိုကောင်လေးကလည်း
ထိုင်မလိုလိုနဲ့ပြန်ထပြီ သူကို
ပြန်နှုတ်ဆက်လာသည်။

"ဟို ကျွန်တော်က ဝမ်ရိပေါ်ပါ"

ဝမ်ရိပေါ်.?
နာမည်လေးက ထူးဆန်းနေပေမဲ့
ထိုနာမည်လေးရဲ့
အဓိပ္ပါယ်တွေက လုံးဝကိုပြည့်စုံလွန်းလှတယ်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now