ဖိန်ချန်း တတိယနှစ်၊ နွေဦးတစ်ခု၊ ပန်းတစ်ပွင့်ပမာ (၂)

698 82 16
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

ဖိန်ချန်း တတိယနှစ်၊ နွေဦးတစ်ခု၊ ပန်းတစ်ပွင့်ပမာ သူမလည်း လှပစွာ ပွင့်လန်းခဲ့သည် (၂)

  ကျိုးနဉ်ဟောက် ကပျာကသီ ပြန်ဆိုလိုက်တော့လေသည်။ "မဟုတ်ပါဘူး၊ အရှင်မင်းကြီး... မင်းကြီးရဲ့ အရောင်အဝါက နုံချာတဲ့ ကျွန်တော်မျိုးရဲ့ နေရာဌာနကို ထွန်းလင်းသွားစေနိုင်စွမ်းပါတယ်၊ ဒါပေမဲ့ ၉ လပိုင်း ၁၈ ရက်နေ့တိုင်းဆိုရင် အရှင်မင်းကြီးက အဲဒီကို သွားလေ့ရှိတာမို့... ကျွန်တော်မျိုးရဲ့ အစ်မကြီးက အမတ်ကုကြောင့် သေဆုံးသွားရတာပေမဲ့... ချက်ကျလက်ကျပြောရရင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာပေါ့လေ၊ အရှင်မင်းကြီး တကယ်ပဲ စိတ်ထဲ မထားလည်း ရပါတယ်၊ အနည်းဆုံးတော့... အမတ်ကုက စိတ်ထဲ မထားတာ ကျွန်တော်မျိုး သိပါတယ်၊ မနှစ်က ၉ လပိုင်း ၁၈ ရက်နေ့ ကျွန်တော်မျိုး ရှစ်ဇီလမ်းမှာ စက္ကူအဝါသွားဝယ်တော့ အမတ်ကု ယောက်ျားလေးလို ဝတ်စားပြီး ကျွေ့ရှန်းဆိုင်မှာ သေရည်သောက်နေတာ တွေ့ခဲ့တာမို့"

  လင်စစ်ကျယ်သည် ထိုစကားများကို အာရုံတစိုက် နားထောင်ခဲ့သည်။ ဒေါသလည်း မထွက်သွားခဲ့၊ ကျေနပ်သဘောကျခြင်းလည်း မရှိဘဲ သူက ဆိုသည်။ "သူက တစ်ဖက်သားအပေါ် အရိပ်အကဲ အလိုက်သိပေးတတ်သူ မဟုတ်ဘူး၊ ကျန်းကတော့ သူနဲ့ မတူပါဘူး"

  ကျိုးနဉ်ဟောက် နှုတ်ခမ်းများကို တွန့်ကွေးလျက် ဆိုလာပြန်တော့သည်။ "အမတ်ကုက အရှင်မင်းကြီးရဲ့ အချစ်တော်ဆိုပေမဲ့ ကျွန်တော်မျိုး မပြောမနေနိုင်လို့ ပြောပါဦးမယ်၊ အမတ်ကုဟာ အင်မတန် ရက်စက်ကောက်ကျစ်သူပါ၊ အရင်က ကျွန်တော်မျိုး အစ်မကြီးနဲ့ အတူရှိချိန်တုန်းက ညင်သာသိမ်မွေ့ သဘောကောင်းတာပဲ ကြုံဖူးခဲ့တာကြောင့် အမတ်ကုလို အဆိပ်ပြင်းတဲ့ မိန်းမမျိုး ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ဒါပေမဲ့ အမတ်ကုကြောင့် ကျွန်တော်မျိုး အသိအမြင်တွေ ကျယ်ပြန့်သွားရပါတယ်လေ"

  သူ့ပြောစကားကို ထောက်ခံအသိအမှတ်ပြုသည့်အလား လင်စစ်ကျယ်၏ နှုတ်ခမ်းများ ကော့ညွတ်တက်သွားခဲ့၏။ "ကဲပါလေ၊ သူ့အကြောင်း မပြောတော့ဘူး၊ နောက် ၂ ရက်နေရင် ခါတိုင်းလို ကျန်း ကျိုးအိမ်တော်ကို လာခဲ့ပါဦးမယ်၊ ကျိုးအမတ်ကြီးကို ကြိုပြောထားပေးပါ"

You've reached the end of published parts.

⏰ Last updated: Oct 08, 2023 ⏰

Add this story to your Library to get notified about new parts!

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Where stories live. Discover now