Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
တစ်ခုသော ဆောင်းယာဉ်စွန်း၊ ၃၀ ခုနှစ် ဝန်ရွှင်ခေတ် (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကုဟုန်ကျန်း လင်စစ်ကျယ်ကို ပထမဆုံးတွေ့တော့၊ ဝန်ရွှင်မင်းနန်းစံနှစ် ၂၉ နှစ်တွင် ဖြစ်လေသည်။ ထိုအခါက ကုဟုန်ကျန်းမှာ ၅ နှစ်အရွယ်သာ ရှိသေး၍ လင်စစ်ကျယ်မှာ ၆ နှစ်သာ ရှိသေးသည်။
လင်စစ်ကျယ်၏ မွေးမိခင်ကတော့ နန်းတွင်းအပျိုတော်တစ်ဦးသာ ဖြစ်လေသည်။ နတ်ရွာစံ ယခင်မင်းကြီး သေရည်မူး၍ သူမကို မြတ်နိုးတော်မူခဲ့သည်။ ထိုတစ်ညတာ လွန်မြောက်တော့ သူမအား မောင်းမငယ် အရာပေး၍ လှည့်ပင် မကြည့် ပစ်ပယ်သွားခဲ့သည်။ လင်စစ်ကျယ်၏ မွေးမိခင်မှာ ကံတော့ ကောင်းခဲ့သည်ဟု ဆိုနိုင်သည်။ သူမ ကိုယ်ဝန်ရပြီး လင်စစ်ကျယ်ကို ဖွားခဲ့သည်။ သို့သော် မီးတွင်း အခက်အခဲကြီးမား ကြုံရသဖြင့် သူမ အသက်ကိုမူ ဆုံးရှုံးခဲ့ရလေသည်။
လင်စစ်ကျယ်မှာ မိခင်မေတ္တာကို ငတ်မွတ်လျက် မိခင်၏ စောင့်ရှောက်မှုတို့ ကင်းမဲ့လျက် ကြီးပြင်းလာခဲ့ရသည်။ သူ့မိခင်၏ အဆင့်အတန်းနိမ့်ကျမှုကြောင့် ရှင်ဘုရင်ကလည်း သူ့အား အရေးတယူ မရှိလှ။
လင်စစ်ကျယ်မှာ နောင်တော် ၄ ပါးနှင့်၊ အစ်မတော် ၃ ပါးရှိသည်။ ထိုမျှမက၊ ရှင်ဘုရင်မှာ ကျန်းမာသန်စွမ်း၍ နန်းစည်းစိမ် မွေ့လျော်နိုင်လွန်းသူဖြစ်ရကား၊ လင်စစ်ကျယ်အတွက် ညီတော်၊ နှမတော် မြောက်များစွာကိုလည်း မွေးထားနိုင်လေခဲ့သည်။ သို့ဖြစ်လေတော့၊ သူ လင်စစ်ကျယ်ကို မေ့လျော့နေတတ်သည်က မဆန်းကျယ်တော့။
လင်စစ်ကျယ် လူ့လောကရောက်လာစဉ်ကတည်းက ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြုစုခြင်း မခံရခဲ့။ ဘုရင့်သားတော်ဟူသော အမည်ခံရှိနေသော်လည်း နန်းတော်တွင်းမှ အေစခံမ် ား၊ ကြၽန္မ် ား အားလံုး သူ့အား အနိုင်ကျင့်နိုင်ကြသည်။ အရှက်ခွဲရဲကြသည်။ လှောင်ပြောင်ရယ်ပြက်ဝံ့ကြသည်။ သူ့နောင်တော် ညီတော်များ ဖွခဲ့သည့် အမှိုက်သရိုက်များကိုပင် ရှင်းလင်းသန့်စင်ခိုင်းတတ်သေးသည်။ သူတို့က သူ့ကို လူတစ်ယောက်ဟုပင် သတ်မှတိပုံမရ။
BẠN ĐANG ĐỌC
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
Lãng mạnZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...