Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
မိုးနှင့် မြေအကြားက ခြားနားခြင်းများ (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကုဟုန်ကျိန်း၏ သူ့အပေါ်နာကျည်းမှုများမှာ ရှိသည်ဆိုတာထက်ပင် ပိုသေးသည်။ ယခုအချိန်မှာ သူမ ဝန်တောက်ထန်၌ ဆက်နေလိုသေးသော်လည်း လင်စစ်ကျယ်က အပြင်ဘက်လမ်းထွက်တော့ သူတို့နှစ်ဦးကြားက အမျိုးအမည်မသိ၊ မမြင်နိုင်သော ဆက်နွယ်မှုကြောင့် သူမပါ အပြင်သို့ ဆွဲခေါ်ခံလိုက်ရလေသည်။ သူမ ဆန္ဒမပါပါဘဲ လင်စစ်ကျယ်နောက်လိုက်နေရသည်။ လင်စစ်ကျယ်က ဝေါစင်ကြီးတစ်ခုပေါ်ထိုင်လျက်လိုက်နေစဉ် သူမကတော့ စက္ကူ စွန်သဖွယ် သူ့ဘေးနားက မြောလွင့်လိုက်ပါလာခဲ့သည်။
"အရှင်မင်းကြီး ကြွချီလာပါပြီ"ဟူသော ကြေညာသံတို့ကို ဟဲ့ဖန်းနဉ် ကြားနှင့်ပြီး ဖြစ်လောက်သည်။ ထို့ကြောင့်လည်း သူမ အဖြူ ရောင် ဇာပုဝါပါးဝတ်ရုံလွှမ်းလျက် ဇီယွင်နန်းဆောင်အပြင်ဘက်၌ ဒူးထောက်ကာ စောင့်နေခြင်းဖြစ်သည်။ လင်စစ်ကျယ် ရောက်လာသည်ကို တွေ့တော့ သူမ ခေါင်းအသာမော့ မျက်လုံးဝင့်ကြည့်၍ ညင်သာပျော့ပျောင်းစွာ ဆိုလိုက်သည်။ "အရှင်မင်းကြီး..." အမှန်တိုင်းပွင့်လင်းစွာဆိုရလျင် ဤအသံမျိုးက ကြားရသူ၏ စိတ်နှလုံးကို ပျော့ပြောင်းသွားစေလေသည်။
ဒီလိုနှင့် ကုဟုန်ကျိန်းလည်း မျက်နှာထား မဲ့ကာ ရွဲ့ကာနှင့် ကြည့်နေမိတော့သည်။
'ဟဲ့ဖန်းနဉ်. . . သူ့မျက်နှာက တစ်ယောက်သော သူနဲ့ သိပ်ပြီးလည်း တူနေတာမ်ျိုး မဟုတ်ပါဘူး... ဟန့် ...!'
လင်စစ်ကျယ် ရောက်လာပြီးတော့ မျက်မှောင် အသာကျုတ်သွားတော့သည်။ သူ ခပ်သုတ်သုတ်လျှောက်သွားလိုက်ပြီး သူမကို ဖေးထူမပေးလိုက်ကာ ဆိုသည်။ "ရာသီဥတု သိပ်အေးတာကို... ဘာလို့ ပါးပါးလေးပဲ ဝတ်ထားတာလဲ..."
DU LIEST GERADE
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomantikZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...