Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
ဝိညာဉ်လိပ်ပြာ ပြန်လာသည်၊ သူမရဲ့ အိမ်ဆီ (၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကုဟုန်ကျိန်း ခေါင်းအသာခါလိုက်ပြီး ဝန်တောက်ထန်မှ ထွက်ခွာရန် ပြုသည်။ သူမ ဂိတ်ပေါာက်ဝရောက်သောအခါတွင်မူ သူမ လမ်းကို ပိတ်နေသည့် မမြင်ရသော လမ်းတစ်ခုရှိနေသယောင် ထင်ရလေသည်။ သူမ ဆက်လျှောက်လို့ မရတော့။ ဂိတ်တံခါး အကြားမှ နန်းတွင်းကိုယ်ရံတော်များ၊ အပ် ိဳေတာ္မ် ား၊ မိန္းမစိုးမ် ား အပြင်ဘက်၌ ရပ်နေသည်ကို တွေ့ရသည်။ သို့သော် သူမကတော့ အပြင် မထွက်နိုင်ချေပေ။
'ဆိုးလိုက်တာ. . .'
ကုဟုန်ကျိန်း လင်စစ်ကျယ်အနားသာ ပြန်လာရတော့သည်။ သည်လူအနားမှ သူမ ခွာလို့ မရတာ သိသွားသောကြောင့်. . .။
သူမ သူ့ကို ဤရွေ့ ဤမျှထိကို ချစ်ခဲ့သည်လား။
မကျွတ်မလွတ် တစ္ဆေသရဲဖြစ်ပြီး သူ့အနား ခိုပါးနေရလောက်သည်အထိကို ချစ်ခဲ့သည်လား။ သြော်. . . !
ဧကန္တ သူမ မပြောင်းမလဲ သည်လူကို ဆက်ချစ်နေမိတာ ဖြစ်ကောင်း ဖြစ်နိုင်ပေရဲ့။
ကုဟုန်ကျိန်း ထိုအတိုင်း ရပ်နေမိသည်။ သို့သော် လင်စစ်ကျယ် အနည်းငယ် လှုပ်ရှားစပြုလာလေသည်။ နောက်တော့ သူ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာတော့သည်။
သူ့မျက်ဝန်းများတွင်း ရှားရှားပါးပါး ရှုပ်ထွေးနောက်ကျိနေသည့် အကြည့်မျိုးတွေ ပြည့်နှက်နေသည်။ သူ စိတ်ကြည်လင်နေသည့်အချိန်များနှင့် လားလားမျှ မသက်ဆိုင်။
လင်စစ်ကျယ် မျက်မှောင်တို့ တွန့်ကျုတ်လိုက်ပြီး မျက်ဝန်းများ ပြန်မှိတ်လိုက်ကာ သူ့လက်ချောင်းများက နှာတံရိုးကို ဖိနှိပ်နေလိုက်သည်။ သူ မျက်လုံးများ ပြန်ဖွင့်လိုက်တော့ သူ့အကြည့်က အတိတ်တစ်ချိန်တုန်းကလို ပြန်ကြည်လင် စူးရှလာတော့သည်။ နက်ရှိုင်းသော ရေအိုင်ပမာ၊ မည်သူကမျှ သူ့အပြော သူ့လုပ်ရပ်များမှ တဆင့် သူ့အတွေးကို မခန့်မှန်းနိုင်ပေ။
ကုဟုန်ကျိန်း သူ့အရှေ့ကို ခုန်ဝင်လိုက်သည်။ သူ သူမကို မြင်နိုင်၊ မမြင်နိုင် သူမ စမ်းသပ်ကြည့်လိုသည်။
VOCÊ ESTÁ LENDO
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomanceZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...