မြတ်​နိုးရပါသော ဆယ်​နှစ်​တာ (၁)

1.4K 175 20
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

မြတ်​နိုးရပါသော ဆယ်​နှစ်​တာ (၁)
~~~~~~~~~~~~~~~~~~~~~~~~~~

  ကုဟုန်​ကျန်း အတိတ်​ကို ပြန်​တူးဆွနေလိုက်​မိသည်​။ ဒီတော့မှ သူမ ပြန်​လည်​ သတိပြုမိသည်​က လင်​စစ်​ကျယ်​နှင့်​ သူမ သိကျွမ်းလာခဲ့သည်​မှာပင်​ နှစ်​ပေါင်း ၂၀ တိုင်​ခဲ့ပြီပဲ။ သို့ပေလျက်​ လင်​စစ်​ကျယ်​ သူမအပေါ် ချစ်​မေတ္တာရှိကြောင်း မဆိုဖူးခဲ့။

  ဆန့်​ကျင်​ဘက်အနေနှင့်​ လင်​စစ်​ကျယ်​ သူမအား အမုန်းစကား ရွံရှာသမှုနှင့်​ ဆိုခဲ့သည်​များကတော့ အမြောက်​အများရှိခဲ့သည်​။ 

  အမှန်​ဆုံး ဝန်​ခံရမည်​ဆိုလျင်​ သူမကလည်း လင်​စစ်​ကျယ်​ကို အကြင်​နာချစ်​စကား ထုတ်​ဖော်​ မပြောဖူးခဲ့ပေသည်​။

  သူမ သူ့အပေါ် ပြစ်​တင်​၊ ဝေဖန်​၍ အမုန်းစကား ဆိုခဲ့သည့်​အကြိမ်​က လင်​စစ်​ကျယ်​ သူမအပေါ် အနုတ်​သဘောပြခဲ့သည့်​ အကြိမ်​ရေထက်​ပင်​ သာလွန်​နေခဲ့လောက်​သည်​။ 

  စင်​စစ်​ လင်​စစ်​ကျယ်​မှာ လွန်​စွာ ရိုးသားသူ။ ပွင့်​လင်းသူ။ တစ်​ခါတစ်​ရံ သူ့မျက်​နှာရိပ်​ခြည်​ကို ခန့်​မှန်း အဓိပ္ပါယ်​ဖော်​ရခက်​သော်​လည်း ချစ်​ခြင်း မုန်းခြင်းမည်​သည့်​ သူ့ခံစားချက်​များကိုမူ ပြတ်​ပြတ်​သားသား သူ ဖော်​ပြတတ်​သည်​။ သူက အမုန်းစကားဆိုလာလျင်​ အမှန်​တကယ်​ မုန်းသဖြင့်​ ဆိုရခြင်း။ သူက ချစ်​ခင်​ကြင်​နာစွာ ပြောလာလျင်​ အမှန်​တကယ်​ ချစ်​ကြင်​နာ၍ဖြစ်​ခြင်း။

  သူ ကျိုးနဉ်​ယန့်​ကို ချစ်​သည်​။ ထို့ကြောင့်​ ကျိုးနဉ်​ယန့်​ပုံတူ ပန်းချီများ ဆွဲသည်​။ ကျိုးနဉ်​ယန့်​အကြောင်း​ ကဗျာများ ရေးသည်​။ သူမ မျက်​ဝန်းလေးများကို မြင်​ယောင်​ကြည့်​ရင်း၊ သူမအကြောင်း တွေးမိလေတိုင်း နက်​ရှိုင်းသော မေတ္တာ၊ အကြင်​နာနှင့်​ တန်​ဖိုးထားရသော အမှတ်​တရများကို ယှဉ်​တွဲ ခံစားမိတော့မည်​။ လင်​စစ်​ကျယ်​မှာ ထိုသို့ ကောင်းကင်​ယံမှ ငွေလမင်းကို တောင့်​တ မျှော်​တမ်းနေသည့်​ပမာ ဖြစ်​နေတတ်​သည်​။

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ