Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
အမတ်ကု၏ ဗျူ ဟာကွက်... ရက်စက်ကြမ်းကျုတ်လွန်း...!(၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~လင်စစ်ကျယ်က ဆိုသည်။ "ကုတာ့ရန်ရဲ့ အလုပ်တာဝန်က အများအမြင်မှာ မေးခွန်းထုတ်စရာတွေချည်းပဲ၊ ဒါပေမဲ့ သူဟာ ကျန်းကိုလည်း မကြောက်ပြန်ဘူး... ဒါကြောင့်မို့ ကျန်းမှာ သူ့ပြဿနာကို ကူရှင်းပေးတာကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး..."
ကျောင်းယွင်ယွမ် အံ့သြသွားရသည်။ နောက်တော့ သူ ပြန်လျှောက်တင်သည်။ "အရှင်မင်းကြီးက သူ့ကို တကယ်မြတ်နိုးတန်ဖိုးထားတာပဲ၊ လက်ထောက်အမတ်ချုပ်ကုသာ ဒီလိုမျိုး ဆက်ပြီး ထင်ရာစိုင်းနေဦးမယ်ဆိုရင်... သူ့ရက်စက်မှုကို ရှောင်နိုင်တော့မှာ မဟုတ်ဘူး၊ နောက်ဆို သူ့ကို ထိန်းထားနိုင်မှ တော်ကာကျပါလိမ့်မယ်..."
လင်စစ်ကျယ် ခေါင်းခါလိုက်သည်။ "ဒါ သူ့ကိစ္စပဲ၊ ဒါပေမဲ့ ကျန်းရဲ့ ကိစ္စဆိုလည်း ဟုတ်တယ်... တခါတလေ ကျန်း ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တဲ့အခါ ကုတာ့ရန် အခုလို ဘာကြောင့် ဖြစ်သွားရသလဲဆိုတာ နားလည်လာတယ်... အဲ့ဒါ ကျန်းမှာ ပတ်သက်မှုတွေများခဲ့လို့ပဲ... ဒီတော့... လက်ထောက်အမတ်ချုပ်ကု ပြန်လာတာကို စောင့်၊ မင်းက မင်းအတွေးကို လွတ်လွတ်လပ်လပ် တင်ပြလို့ရတယ်... သူ့ရှေ့မှောက်မှာတင် ကျန်း... သူ့ကို ရုံးတော်ရာထူးကနေ ထုတ်ပယ်လိုက်တော့မယ်"
ကျောင်းယွင်ယွမ် ရုတ်တရက် မင်သက်အံ့အားသင့်မဆုံး။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ရသည်။ "အရှင်မင်းကြီး..."
ကုဟုန်ကျန်းလည်း ဟိုဟိုသည်သည် လွင့်မြောနေရာက ရပ်ပြီး တစ်နေရာတည်းမှာပဲ တန့်နေမိခဲ့သည်။
YOU ARE READING
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomanceZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...