မြတ်​နိုးရပါသော ဆယ်​နှစ်​တာ (၂)

1.1K 143 12
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

မြတ်​နိုးရပါသော ဆယ်​နှစ်​တာ (၂)
      
          သူမလည်းပဲ ဤသို့ လုပ်​နိုင်​စွမ်းလာမည့် တစ်​နေ့နေ့ တစ်​ချိန်​ချိန်​မလွဲမသွေ ရှိလာပေတော့မည်​။ သူမကို အခြားသူတစ်​ဦးတစ်​ယောက်​က ချီပိုးသယ်​ဆောင်​စရာ မလိုတော့၊ သူမဘာသာ မိမိအားကို ကိုးနိုင်​ပေရော့မည်​။

  နောက်​တော့ သူမ သိလိုက်​ရသည်​က ဆရာမုံ့သည်​ သူမအား လူအသွားအလာ ကင်းမဲ့သော၊ အစွန့်​ပယ်​ခံ နန်းဆောင်​ဖြစ်​သည့်​ပိုင်​ဖူနန်းသို့ ခေါ်ဆောင်​လာခဲ့သည်​ကိုပင်​။

  ထိုနေရာမှာ လင်စစ်ကျယ်၏ နန်းတော်ငယ်ကလေး— "ငယ်"ဟူသော စကားလုံးအသုံးအနှုန်းမှာ လက်တွေ့နှင့် အပ်စပ်သည်။ စစ်မှန်လိုက်ဖက်သော နာမဝိသေသနဖြစ်သည်။ ပိုင်ဖူနန်းတော်မှာ မူလက လင်စစ်ကျယ်၏ မွေးမယ်တော်ရင်း နေထိုင်ရာနန်းဆောင် ဖြစ်သည်။ သူမ ကံကုန်တော့ လင်စစ်ကျယ်၏ ဌာနေဖြစ်သွားခဲ့သည်။

  မည်သို့ပင် ဖြစ်စေ၊ ထိုနန်းတော်တွင်း နှစ်နှစါတာမျှ ကျင်လည်လာခဲ့ဖူးပြီးဖြစ်၍ ကံခေသူ အကျိုးနည်း လင်စစ်ကျယ်၏ ဌာနေနန်းသို့ ရောက်လာပြီမှန်း ကုဟုန်ကျန်း အလိုအလျောက် သိလိုက်ရ၏။ မထင်မှတ်ထားသည့်အရာဖြစ်၍ သူမ လွန်စွာ အံ့သြနေခဲ့သော်လည်း လင်စစ်ကျယ်ကတော့ ပိုင်ဖူနန်းဆောင်၏ အနီးဝန်းကျင်၌ ရပ်စောင့်နေနှင့်သည် ဖြစ်၏။ —အချိန်မတော် ညသန်းခေါင် ဖြစ်နေသည့်တိုင်။ သူ့ပိုင်ဖူနန်းဆောင် အပြင်၌ အစောင့်အရှောက် ရဲမက်ကိုယ်ရံတော်များ စောင့်ကြပ်ပေးခြင်း ရှိမနေ။ ထိုနေရာ၌ သူ တစ်ယောက်သာ ရှိနေသည်။ တစ်ယောက်တည်း အထီးတည်းရှိနေခဲ့လေသည်။

  ဆရာမုံ့ ရောက်လာသည်ကို တွေ့၍ လင်စစ်ကျယ် မျက်နှာမှာ အစပထမတော့ ဝမ်းသာပျော်မြူးဟန် ဖြစ်သွားခဲ့သော်လည်း ဆရာမုံ့ရင်ခွင်ထဲ ပွေ့ချီလာခဲ့သော ကုဟုန်ကျန်းကို တွေ့သော အခါမူ မျက်နှာထိမျက်နှာထားက သုန်မှုန် ကျိုးသွားတော့လေသည်။

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်حيث تعيش القصص. اكتشف الآن