အမတ်​ကု၏ ဗျူ ဟာကွက်​... ရက်​စက်​ကြမ်းကျုတ်​လွန်း...!(၁)

1K 155 4
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

အမတ်​ကု၏ ဗျူ ဟာကွက်​... ရက်​စက်​ကြမ်းကျုတ်​လွန်း...!(၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  အဲ့ဒီ့နေ့ညနေမှာ လင်​စစ်​ကျယ်​နှင့်​ ဟဲ့ဖန်းနဉ်​ အတူအိပ်​မည်​ဆိုလျင်​ ရင်​ဆိုင်​နိုင်​ရန်​အလို့ငှာ ကုဟုန်​ကျန်း စိတ်​ကို ကြိုတင်​ပြင်​ဆင်​ထားခဲ့သည်​။ သို့သော်​လည်း သူမ အံ့သြမိချင်​စရာ၊ ဟဲ့ဖန်းနဉ်​ မှင်​ရည်​သွေးပေးပြီး ညဦးပိုင်းရောက်​တော့ မိမိအဆောင်​တော်​ မိမိပြန်​ရန်​ လင်​စစ်​ကျယ်​ဘက်​က အနှင်​လွှတ်​လေ၏။ နောက်​တော့ လင်​စစ်​ကျယ်​ စာကြည့်​ဆောင်​မှာသာ အိပ်​ခဲ့သည်​။

  နောက်​တစ်​နေ့မနက်​ ညီလာခံသို့ ဟူခရိုင်​ဆီမှ ခြေမြန်​တော်​၏ သတင်းစကား ရောက်​လာခဲ့သည်​။ ခြေမြန်​တော်​ဆက်​သားကို နန်းတော်​ခန်းမဆောင်​ထိ ဆင့်​ခေါ်ထားလေသည်​။

  မြန်​လှချည်​ပါတကား။ ၉ လပိုင်း ၁၆ ရက်​နေ့သာ ရှိသေးသည်​...

  ဤသည်​မှာ ကုဟုန်​ကျန်း ခန့်​မှန်းထားသော ရက်​ထက်​ ၅ ရက်​ပင်​ ပိုစောနေသေး၏။ ကုဟုန်​ကျန်း အံ့အားသင့်​မိရသည်​။ ထိုအချိန်​မှာ သူမ နှလုံးသားက တလှပ်​လှပ်​ မခုန်​လှုပ်​ပဲ မနေနိုင်​ခဲ့။ သူမ ကျဆုံးကြောင်း သတင်းကြားလျင်​ ကြားချင်း လင်​စစ်​ကျယ်​ မည်​သို့ မည်​ပုံ တုံ့ပြန်​မည်​ကို သူမ အားရကျေနပ်​စွာ မျှော်​လင့်​စောင့်​စားနေမိသည်​။

  ကုဟုန်​ကျန်း မမျှော်​လင့်​မိသည်​က သတင်းဆက်​သား လျှောက်​တင်​လာသည့်​ သတင်း။ အနှီသတင်းမှာ အမတ်​ကုနှင့်​ စစ်​သူကြီးဝမ်​တို့ ကျီနယ်​ကို သိမ်းယူနိုင်​ပြီး ဖြစ်​၍ ဟူခရိုင်​သို့ စစ်​ကူနှင့်​ ရိက္ခာတပ်​များ စေလွှတ်​လိုက်​ပြီဖြစ်​ကြောင်း သတင်း။ ကျီဖုန်းဘက်​မှာ ဝိုင်းရံခံထားရဟန်​ရှိသည်​။ ထိုမျှမက စားနပ်​ရိက္ခာလည်း မကျန်​တော့။ အမတ်​ကုနှင့်​ စစ်​သူကြီးဝမ်​သည်​ ကျီဖုန်း စစ်​သည်​များ ထွက်​လာပြီး ထိပ်​တိုက်​ စစ်​ခင်းလာစေရန်​ ဗျူဟာမျိုးစုံ သုံးခဲ့ကြသည်​။ အပြင်​မှနေ၍ ထောင်​ချောက်​မျိုးစုံ၊ ပရိယာရ်​မျိုးစုံ ချသုံးခဲ့ကြသည်​။ နှစ်​ဖက်​စလုံး ထိပ်​တိုက်​ မတွေ့ရသေး။ မည်​သို့ပင်​ဖြစ်​စေ၊ အလျင်​ လက်​လျှော့သည့်​ဘက်​က ပို၍ အထိနာမည်​မှာ မလွဲဧကန်​။  

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Donde viven las historias. Descúbrelo ahora