Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
မိုးနှင့် မြေအကြားက ခြားနားခြင်းများ (၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဧကရာဇ်၏ အတွေးများကို ကျန့်ဟိုင်ဖူနားမလည်နိုင်ပေ။ လင်စစ်ကျယ် သစ်ပင်အရိပ်များ၏နောက်ကွယ်တွင် ပုန်းနေရသည့် အကြောင်းအရင်းကိုလည်း သူမသိ။ သူနှင့် အစေခံလေးတို့်ပြောသည့်စကားကိုသာ သူ ဆိတ်ငြိမ်စွာနားထောင်နေခဲ့သည်။
ကျန့်ဟိုင်ဖူ၏ ဦးနှောက်အစုံမှာ ပူထူလာရသည်။ လက်ရှိစကားဝိုင်းကို မည်သို့ဆက်သင့်သည်ကို သူ မသိတော့။ အကယ်၍ သူသာ စကားဝိုင်းကိုရပ်တန့်လိုက်လျှင် ဧကရာဇ်၏စိတ်ထဲတွင် မကြည်မလင်ဖြစ်သွားမည်ကိုလည်း သူစိုးရွံ့မိသည်။ အကယ်၍ ဧကရာဇ်က ထိုစကားများကို ဆက်မကြားချင်ခဲ့လျှင်ဆိုသည့်အတွေးကလည်း သူ၏စိတ်အစုံကို ခြောက်လှန့်နေပြန်သည်။
သို့သော် လင်စစ်ကျယ်၏ တိတ်ဆိတ်သောအမူအရာကိုကြည့်၍ သူ့ကိုယ်သူအားတင်းကာ စကားဆက်ပြောနေရန် ကျန့်ဟိုင်ဖူဆုံးဖြတ်လိုက်တော့သည်။ "ကုတာ့ရန်က အမြဲတမ်းနီးပါး မအိပ်ပဲနေတတ်သလား...?"
"ဟုတ်တယ်" ရှန်းကျွင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ဘေးနားရှိကုလားထိုင်ဘေးသို့ ဝင်ထိုင်လိုက်သည်။ "ကုတာ့ရန်က အမြဲအိပ်မက်ဆိုးတွေမက်နေတတ်တယ်... ကုတာ့ရန် နေမကောင်းရင်လည်း ကျွန်မပဲစောင့်ရှောက်ပေးရတယ်လေ... တစ်ခါတစ်လေ သူ့ကိုအနိုင်ကျင့်ကြတဲ့ လူတွေရဲ့ နာမည်တွေကို ဗလုံးဗထွေးရေရွတ်သံတွေကိုတောင် ကျွန်မကြားရတယ်... တတိယမင်းသား... စတုတ္တမင်းသား... စသဖြင့်ပေါ့... တစ်ခါတစ်ခါဆိုရင် ကျိုးနဉ်ယန်ဆိုလားပဲ... အိုက်ယား... ကျွန်မလည်း သိပ်မမှတ်မိတော့ပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မတိုရဲ့ ကုတာ့ရန်က အရမ်းသနားဖို့ကောင်းလွန်းပါတယ်..."
YOU ARE READING
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomanceZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...