Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
အမတ်မင်း... အမတ်မင်း --- အမတ်မင်းဆိုတာ ဘာတဲ့လဲ (၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မနက်ခင်းညီလာခံ ပြီးဆုံးသွားသည်နှင့်၊ လင်စစ်ကျယ် ဝန်တောက်ထန်ဘက် ချက်ချင်း ပြန်လာခဲ့သည်။ သူက စာရင်းအင်းစာအုပ်စာတမ်းများကို ပြင်ဆင် ဖတ်ရှုသည်။ ကျန့်ဟိုင်ဖူကတော့ မင်းကြီး သုံးဆောင်ရန် သရေစာ အဆာပြေတို့ကို ပို့ဆောင်ယူလာပေးစေသည်။ လင်စစ်ကျယ် မည်သူနှင့်မျှတော့ မတွေ့။ မွန်းတည့်ချိန်ရောက်တော့၊ သူ တစ်ယောက်တည်း နေ့လည်စာ ပွဲတော်တည်ကာ တစ်ရေးအိပ်လေသည်။ ထို့နောက်တော့ သူ ဥယျာဉ်တော်တွင်း လမ်းလျှောက်သည်။ သိုင်းလေ့ကျင့်သည်။ ထို့နောက်တွင်တော့၊ သူ စာကြည့်ဆောင်သို့ ပြန်လာကာ လျှောက်တင်လွှာများကို ဖတ်နေတော့သည်။
ကုဟုန်ကျန်း မနက်မှသည် ညနေခင်းတိုင် လင်စစ်ကျယ်နောက်က လိုက်နေခဲ့သည်။ ထိုမှသာ သူမ သိလိုက်ရသည်က လင်စစ်ကျယ်၏ နေ့စဉ်ဘဝမှာ လွန်စွာ ငြီးငွေ့ဖွယ်ကောင်းလှသည်ကို။
ထိုမျှမက၊ လင်စစ်ကျယ် ကိုယ်တိုင်မှာလည်း ဤဘဝမျိုးကို နှစ်သက်သဘောကျဟန်မပေါ်ပေ။ တစ်နေ့တာ ကုန်ဆုံးသွားသည့်တိုင် လင်စစ်ကျယ်အရယ်အပြုံးမရှိခဲ့သည်ကို ကုဟုန်ကျန်း ငေးငိုင်ကြောင်ကြည့်နေမိခဲ့သည်။
နေ့လည်ခင်း၌ နန်းတွင်းအတွင်းဝန်ကျိုးနှင့် စကားစမြည်ပြောခြင်းကလွဲ၍ ထိုနေ့က လင်စစ်ကျယ် မည်သူနှင့်မျှလည်း မတွေ့ခဲ့ပေ။
လင်စစ်ကျယ်မှာ တကယ်တော့ သနားစရာပင် ကောင်းနေသလိုလို. . .
လင်စစ်ကျယ်အပေါ် သနားနေမိသော ကုဟုန်ကျန်း၏ ခံစားချက်များ ထိုနေ့ ညခင်း၌ပင် အငွေ့ပျံသွားတော့လေသည်။ လင်စစ်ကျယ် မနေ့က ကုဟုန်ကျန်း၏ အဆောင်ကို သွားခဲ့သည်ကို ဟဲ့ဖန်းနဉ် သိသွား၍လားတော့မသိ။ ထို့ကြောင့် ယနေ့သ၌ သူမ အရဲစွန့်ကာ ဝန်တောက်ထန်သို့ လိုက်လာလေသည်။ လင်စစ်ကျယ်အတွက် မုန့်အချိုနှသ့် စွပ်ပြုတ်ယူလာပေးသည်ဟု အကြောင်းပြသည်။ လင်စစ်ကျ ယ်သူမကို ခေါ်တွေ့သည်။ သူမ အလိုက်မသိတတ်မှုကို အပြစ်ဆိုဖို့ မေ့လျော့သွားခဲ့သည်လားတော့မသိ၊ ဇီယွင်နန်းဆောင်ကို အရင်ပြန်နှင့်ဖို့ ပြောချိန်မှာတော့ သူ သိပ်ဝမ်းမြောက်မနေတာ သေချာနေသည်။
ВЫ ЧИТАЕТЕ
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
Любовные романыZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...