Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
ဝိညာဉ်လိပ်ပြာ ပြန်လာသည်၊ သူမရဲ့ အိမ်ဆီ (၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကုဟုန်ကျိန်း လင်စစ်ကျယ်ကို အပူတပြင်း ကြည့်နေမိသည်။
တကယ်လို့ သူမ သူ့ဘေးနား လွင့်မြောနေသည်ကို လင်စစ်ကျယ်သာ သိသွားပါက မည်သို့ တုန့်ပြန်လိမ့်မည်လဲ။
—— ကုဟုန်ကျိန်း သူမကိုယ်ကို သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးပြီ။ သူမ အမှန်တကယ်ပင် မြောလွင့်နေသည်။ သူမ ခြေနှစ်ဖက်က မြေပြင် ကြမ်းခင်းကို မထိ။ သူမ ထိနေစရာလည်း မလို။ သူမ သွားလိုသည့်နေရာကို ဆန္ဒပြုလိုက်သည်နှင့် ထိုနေရာသို့ လေနှင့်အတူ စီးမြောလိုက်ပါသွားနိုင်သည်။
လင်စစ်ကျယ် သူမ သေသွားပြီကို သိလျင်၊ သူမ သေလွန်ပြီးနောက် ဝိဉာဉ်သရဲဖြစ်သွားပြီး သူ့အနားနားဆက်နေနေသည်ကို သိသွားလျင် သူ့မျက်နှာ ညိုမှောင်မှောင် မှုန်ကုပ်ကုပ်နှင့် ဆိုပေဦးလိမ့်မည်။ "မကျွတ်နိုင်သေးဘူး..."
ပွင့်ပွင့်လင်းလင်း ဝန်ခံရလျင် ကုဟုန်ကျိန်းလည်း ဤအဖြစ်ကို အဓိပ္ပါယ်မရှိလှဟု ထင်မိသည်။
သူမ လင်စစ်ကျယ်အပေါ်ထားသည့် ခံစားချက်များက နက်ရှိုင်းလွန်းမှန်း သူမ သိသည်။ တကယ်တမ်းလည်း သူမ ဘာမှ မသိ နားမလည်သည့် ကလေးမငယ်အဖြစ်မှသည် ရာထူးအဆင့်မြင့် စစ်ရေးအမတ်ဖြစ်လာသည့် နှစ်ပေါင်း ၂၀ အတွင်း၊ သူမ ဘဝတစ်လျှောက်လုံးအတွင်း သူမ၏ ပျော်ရွှင်မှု သူမ၏ နာကျင်မှု အရာအားလုံးကို လင်စစ်ကျယ်က ဖန်တီးပေးခဲ့ခြင်းသာ။ သူမ၏ အချစ် အမုန်း အရာအားလုံးကိုလည်း သူမ လင်စစ်ကျယ်ကို ပေးခဲ့သည်။
သို့ပေလျက် ဤအရာများအားလုံး ဤဘဝအတွက်မျှသာဆိုသည်ကိုတော့ သူမ သိလိုက်ရသည်။
ESTÁS LEYENDO
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomanceZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...