Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
မိုးနှင့် မြေအကြားက ခြားနားခြင်းများ (၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကုဟုန်ကျိန်း ခေါင်းနားပန်းများကြီးသွားရသည်။
လင်စစ်ကျယ်နှင့် ဟဲ့ဖန်းနဉ်တို့ ချစ်ရည်လူးသည့်မြင်ကွင်းသည်
သူမကြည့်ကိုကြည့်ရမည့် မြင်ကွင်းတစ်ခုမဟုတ်ခဲ့။သိနေတာက သိနေတာဖြစ်သော်လည်း ကိုယ်တိုင်
မြင်တွေ့ရာတာနှင့်တော့ မတူ။ လုံးဝကွဲပြားခြားနားလေသည်။လင်စစ်ကျယ် အနားယူရန် သတိရဖို့ တစ်ခုတည်းကိုသာ
သူမ မျှော်လင့်နိုင်သည်။
သို့ပါသော်ငြား မျှော်လင့်မထားစွာပင် လင်စစ်ကျယ်
မတ်တပ်ထရပ်ကာ ဆိုလိုက်သည်။
"ကျန်း နန်းတော်ကိုပဲ ပြန်လိုက်တော့မယ်။နဉ်ဖေး[2]ရဲ့
ခန္ဓာကိုယ်က ကောင်းကောင်းကျန်းမာသေးတာမှ
မဟုတ်ပဲ။အနားပဲယူလိုက်ပါ"ဟဲ့ဖန်းနဉ်၏ မျက်နှာမှာ ချက်ချင်းညိုမှောင်သွားသည်။
"အရှင်မင်းကြီး...ချန်ချဲ့....ချန်ချဲ့ခန္ဓာကိုယ်က
ဘာမှမဖြစ်ပါဘူး.."
သူမချက်ချင်း ပြန်လည်ပြောဆိုလိုက်သည်။
"မင်းကိုကြည့်ရတာ အအေးမိနေသလိုပါပဲ။
ချောင်းတောင်ဆိုးနေတယ်မလား။မင်းကို ကြည့်ပေးဖို့
တော်ဝင်သမားတော် တစ်ယောက်ကို ကိုယ်တော်လွှတ်
လိုက်မယ်။"လင်စစ်ကျယ် ဘာမှဆက်မပြောတော့ပဲ
ချက်ချင်းအခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ဟဲ့ဖန်းနဉ်ကတော့ ထိုင်ခုံပေါ်တွင် တစ်ယောက်တည်း
ကြောင်အစွာကျန်ခဲ့သည်။ဟဲ့ဖန်းနဉ်၏ ရှုံ့မဲ့သွားသောမျက်နှာအား ကုဟုန်ကျိန်း
ကြည့်မိသောအခါ အကျယ်ကြီးအော်ရယ်မိမလိုပင်
ဖြစ်သွားရသည်။ဒါက သနားစရာကောင်းအောင် သရုပ်ဆောင်လိုက်လို့
ရလာတဲ့ အကျိုးဆက်ပဲလေ!
YOU ARE READING
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomanceZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...