Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဇာတ်လမ်းအကြောင်းအရာ ဇာတ်ကောင်များအားလုံး Ze Mo သာ ပိုင်ဆိုင်ပါသည်။
ဝိညာဉ်လိပ်ပြာ ပြန်လာသည်၊ သူမရဲ့ အိမ်ဆီ (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကုဟုန်ကျ န်း မျက်လုံးဖွင့်လိုက်သည်နှင့် ရင်းနီးနေသော်လည်း ထူးဆန်းနေသည့် မြင်ကွင်းတစ်ခုနှင့် ပက်ပင်းဆုံလေသည်။
အလင်းရောင် အလုံအလောက်မရှိသော်လည်း စာကြည့်ဆောင်မှာ ငြိမ်းချမ်းစွာသော မှုန်ပြပြ အလင်းလျှံထွက်နေသည်။ ဟွမ်ဟွလီစာကြည့်စားပွဲပေါ်မှာတော့ သတင်းပို့စာလွှာ သဝန်လွှာတို့နှင့် ပြည့်နှက်ရှုတ်ပွနေလေ၏။ စားပွဲနှင့် ကုလားထိုင်တို့၏ အပေါ်ဘက် နံရံစီမှာတော့ "ဝန်တောက်ထန်"ဟူသော စာလုံးများရေးထွင်းထားသည့် ကားချပ်ကို ချိတ်ဆွဲထားလေသည်။ ထိုစာလုံးသုံးလုံးကို အားမန်ပါပါ အင်အားပြည့်ပြည့် သဘာဝကျစွာ ပြေပြစ်ချောမွေ့စွာနှင့် ရေးထားသည်။ တကယ်တမ်း ဤစာလုံးတို့ကို လက်ရှိဘုရင်မင်းမြတ် လင်စစ်ကျယ် ကိုယ်တော်တိုင် ရေးထွင်းထားသည်ဟု ထင်ရသော်လည်း ကိုယ်တိုင် ကိုယ်ကျ ဓားလက်ဆွဲ၍ စုတ်ချက် တစ်ခုချင်းစီကို ရေးထိုးခဲ့သူက ကုဟုန်ကျိန်း။
ဤနန်းဆောင်မှာ ဝန်တောက်ထန်။ သာမန်ရိုးကျဆန်ပေသော်လည်း ကျက်သရေရှိသည့် ဤအဆောင်မှာ လင်စစ်ကျယ်၏ တော်ဝင်စာကြည့်ဆောင်ပင် ဖြစ်တော့သည်။
သို့ဆိုလျင် အဘယ်ကြောင့် — သူမဆိုသည့် ကုဟုန်ကျိန်း အဘယ့်ကြောင့် ဤနေရာကို ရောက်နေရသည်လဲ။
ကုဟုန်ကျိန်း ချီနန်းတော်တွင်း ရောက်နေခြင်းဖြစ်မည်။ တကယ်တမ်း မြို့တော်နှင့် အလွန်ဝေးကွာလှသော ဟူပြည်နယ်မှာ သူမနှင့် ကျီပြည်နယ်မှ နာမည်ကျော်စစ်သူကြီး ပိုင်လီ စမ်းတို့ စီးချင်းထိုးခဲ့ကြသည်။ ထျန်းမင် နိုင်ငံတော်၏ အမတ်အရာရှိများ စစ်သည်တော်များ မိမိတို့ တာဝန်အသီးသီးကို ဗျူ ဟာ အသီးသီး ခွဲဝေ၍ ဟူ ပြည်နယ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဟူပြည်နယ်မှာ နစ်နာဆုံးရှုံးမှု များပြားခဲ့သည်။ ပိုင်လီ စမ်းနှင့် စီးချင်းထိုးရစဉ်က ကုဟုန်ကျိန်းမှာ သူ့ကို အနိုင်ရဖို့ ဗျူ ဟာ သေနင်္ဂဟူ၍ ရှိမနေခဲ့ပေ။ ပိုင်လီ စမ်း သူမကို စီးတော်မြင်းပေါ်မှ ပြုတ်ကျစေခဲ့သည်။ ထို့နောက်တော့ သူ နောက်က ဆင်းလိုက်လာကာ သူမ ရင်ကို သူ့လှံဖြင့် ထိုးစိုက်ခဲ့သည်။ နောက်တော့ သူမ အသိလက်လွတ်သွားခဲ့သည်။
DU LIEST GERADE
ကြွေလွင့်တန်သော ဤချစ်ခြင်းသည်
RomantikZawgyi + Unicode နှစ်ပေါင်းနှစ်ဆယ်ကြာ တူယှဉ်ရှိနေခဲ့မှု။ ဤအချိန်ကာလတွင်း သူ တစ်ယောက်သာ သူမ၏ ခံစားချက်များကို လွှမ်းမိုးနိုင်သည်။ လှုပ်ခါနိုင်သည်။ သူ့အတွက်သာဆို သူမ လက်တွေမှာ မရေမတွက်နိုင်သော သူတို့၏ သွေးများ စွန်းချင်လည်း စွန်း...