ch-1

3.6K 60 0
                                    

"မကြည်သာ မကြည်သာ ဟိုလေ.. Deadline ကျော်သွားပြီ ဆိုပေမယ့် ကျွန်တော့်ဟာကို လက်ခံပေးပါလား...?"

"မရဘူးလေ၊ deadline ကဖြင့်ပြီးခဲ့တဲ့ လထဲကပြီးသွားပြီဟာကို၊ တခြားဌာနတွေကိုလည်း ကျွန်မပြောထားပြီးသား"

"လုပ်ပါဗျာ အစ်မကလည်း ကူညီပါအုန်း"

"....အွန်းလေ ထားခဲ့၊ အထက်ကိုတင်ကြည့်ပေးမယ်၊ သိပ်တော့ မမျှော်လင့်နဲ့ပေါ့"

"ကျေး‌ဇူးပါ အစ်မရေ"

"မလိုပါဘူး။ ဒီတစ်ခါနောက်ဆုံးအကြိမ်ဖြစ်ပါစေနော်"

"ဟေ့ကောင် သားကြီး အခြေအနေ ဘယ်လိုလဲ"

"ရုပ်တည်ကြီးနဲ့ တင်ပေးမယ်‌တော့ပြောတယ် "

"အာ မင်းကလည်း သူ့ရုပ်ကအမြဲ အဲ့လိုပဲ"

"ရုပ်တည်ကြီးပေမယ့် အလုပ်လုပ်တာ တအားတော်တာ။ ငါတို့ရုံးမှာ
မကြည်သာ မပါရင် ပြီးလို့မရလို့၊ သူကို ရုံးရဲ့ဂိုဏ်းချုပ်ကြီးလို့တောင် နာမည်ပြောင်ပေးထားသေးတယ်"

"အေး နောက်နာမည်တစ်ခုလည်းရှိသေးတယ်လေကွာ 'သံမဏိရေခဲတုံး'ဆိုတာ "

အလုပ်လုပ်ရင်းက ဝန်ထမ်းကောင်လေးတွေပြောတာ ကြားနေရသည်။ ကြည်သာ အသာလေးထကာ သန့်စင်ခန်းသို့သွားလိုက်သည်။ မှန်မှာမြင်နေရတဲ့ ကိုယ့်ပုံက အတော့်ကို ပင်ပန်းနွမ်းနယ်ပုံပေါ်နေပါပြီ မျက်တွင်းတွေကိုနက်လို့။ ဒီရက်ပိုင်းလူက OTဆင်းတာများပြီး မဟန်တော့ဘူး။

(ကော်ဖီလေးသောက်ပြီး လန်းအောင်လုပ်မှပါလေ)

"မင်းဆိုရင်တော့၊ ငါလောင်းရဲတယ်ကွာ။ သံမဏိရေခဲတုံးကို လိုက်စမ်းကွာ"

နားနေခန်းမှ ယောင်္ကျားလေးစကားသံများကြားသဖြင့် ကြည်သာ မဝင်သေးဘဲအဝမှာရပ်နေလိုက်စဉ် ကြားလိုက်ရသည့်စကားသံများကြောင့် စိတ်ဝင်စားသွားသည်။

(သံမဏိရေခဲတုံး ဆိုတော့ ငါ့အကြောင်းပြောနေကြတာပေါ့)

"မင်းဆိုရင် အဲ့ဒီ့ကျောက်ရုပ်ကြီးကို လှုပ်လာအောင်လုပ်နိုင်မှာပါကွာ"

"အာာ ခင်ဗျားတို့ ဘယ်လိုတွေပြောနေကြတာလဲ"

ကြည်သာ အသာလေးအခန်းထဲချောင်းကြည့်လိုက်တော့ Sale က ချီးထုပ်သုံးကောင်ရယ်၊ ဇွဲရယ် စကားပြောနေကြတာတွေ့လိုက်တယ်။

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now