ကျွန်မလို သာမာန်ရွက်ကြမ်းရေကြို မိန်းကလေးတစ်ယောက်က ဇွဲထက်လိုလူမျိုးရဲ့ အာရုံစိုက်မှုကိုရဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။
ဒါပေမယ့်ကံကောင်းစွာနဲ့ saleဌာန ကချီးထုပ်တွေရဲ့ အလောင်းအစားကြောင့်၊ မှိန်ပျောက်လုနီးပါးဖြစ်နေတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်လေးဟာ အရောင်ပြန်လက်လာပါတယ်။
သူတို့ရဲ့ အလောင်းအစားကြောင့် ဇွဲကဖွင့်ပြောလာတဲ့အခါ အဲ့ဒီ့အခွင့်အရေးကိုလက်လွတ်မခံပဲ၊ ဇွဲရဲ့ရည်းစားနေရာကို အပိုင်သိမ်းဖို့ ကျွန်မ ကြံရွယ်ထားတယ်။
ကြည်သာတစ်ယောက်ထဲ နားနေခန်းကကော်ဖီဖျော်စက်မှာ ကော်ဖီဖျော်နေတုန်း ဇွဲထက်ရောက်လာကာ
"ဟို ဟို မကြည်သာ အားလားဟင်၊ ကျွန်တော်ပြောစရာလေးရှိလို့"
(အိုမို...အိုမို...မျှော်လင့်ရတဲ့အချိန်ကလေးရောက်ရှိလာပါပြီ။)
နဖူးမှာလည်းချွေးစီးတွေပြန်လို့ မသက်မသာရုပ်ကြီးနဲ့ဇွဲကို ကြည့်၍ ကြည်သာရဲ့မူပိုင် ရုပ်တည်ကြီးဖြင့်
"ဟုတ် အားပါတယ်၊ ဘာကိစ္စရှိလို့လဲ"
(Fighting ဇွဲ💃ရှင်လုပ်နိုင်ပါတယ်။ ပြောပြစ်လိုက်၊ ဖွင့်ပြောလိုက်စမ်းပါ။ ကျွန်မနဲ့အတူ အမှတ်တရကောင်းလေးတွေ ဖန်တီးလို့ရအောင် ရှင်ဖွင့်ပြောလိုက်စမ်းပါ💃)
"ဟို ဟို ကျွန်တော်နဲ့တွဲနိုင်မလား "
"ဟုတ်ကဲ့ တွဲကြတာပေါ့"
(ငါ့နှယ် မတရားအကျယ်ကြီးအော်ဖြေလိုက်မိတယ်😁)
"အားးး ဟုတ်မဖြစ်နိုင်ဘူးပေါ့နော်........ဟင် နေ..နေပါအုန်း။ အခု မကြည်သာ ဘာပြောလိုက်တယ်"
ထိတ်လန့်သွားပုံရသော ဇွဲထက်ကိုကြည့်ရတာ၊သူ့ကို ကြည်သာက တထိုင်တည်း ငြင်းမည်ဟု အပိုင်တွက်လာခဲ့ပုံရသည်။
(အဲ့လောက်လည်း မျက်နှာပျက်မသွားပါနဲ့ ကိုဇွဲထက်ရယ်။ တကယ်လို့ အလောင်းအစားကြောင့်ဖွင့်ပြောတယ်ဆိုတာသာ ကြိုမသိထားရင်၊ ရှင်အခုလိုတုန့်ပြန်ပုံမျိုးကိုကြည့်ပြီး ကျွန်မဝမ်းနည်းမိမှာ)
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...