"မကြည်သာ ဘာကားကြည့်ချင်လဲ။ ဘယ်လိုကားအမျိုးအစားတွေကြိုက်လဲ"
"ဘာကားဖြစ်ဖြစ်ကြည့်ပါတယ်။ ဒီအတိုင်းပိုစတာတွေကြည့်ပြီး စိတ်ဝင်စားတဲ့ကား ဝင်ကြည့်လိုက်တာပဲ"
"ဟုတ်လား ကျွန်တော်လည်း အတူတူပဲ"
(ဇွဲကို ကြည့်ရတာ သူရွေးလိုက်တဲ့ကား၊ ငါမကြိုက်မှာ စိုးနေပုံပဲ။ ဘာလို့များ တခြားသူအတွေးကိုအဲ့လောက် လိုက်စဉ်းစားနေတာလဲမသိဘူး)နောက်ဆုံးတော့ ကြည်သာကပဲ တွေ့တဲ့ပိုစတာ ကိုထောက်လိုက်ပြီး ကြည့်မယ်ပြောမှ ရုံထဲဝင်ရတော့တယ်။
(အကြာကြီးမျှော်လင့်ခဲ့ရတဲ့ဒိတ်ကလေးမို့ ဇွဲကိုလည်း ကြည်သာ့လိုပဲပျော်စေချင်မိတယ်)
"ကားလေးက ကောင်းတယ်နော် ရီလည်းရီရတယ်။ ဇာတ်သိမ်းက ထင်မထားဘူး မင်းသားက ဂြိုလ်သား ဖြစ်နေမယ်လို့"
"ဟုတ်တယ်နော်၊ ဒါနဲ့ ဇာတ်သိမ်းသွားပုံကြည့်ရတာ နောက်ထပ်ကားတွေ ထပ်ထွက်အုန်းမယ်ထင်တယ်။ ထပ်ထွက်ရင်လည်း ကျွန်တော်တို့သွားကြည့်ကြမယ်နော်"
ကြည်သာ ဇွဲပြောလိုက်တဲ့စကားကြောင့် သူ့မျက်နှာကို ငဲ့ကြည့်လိုက်မိသည်။ သူကတော့ ပေါ့ပေါ့ပါးပါး ပြောမြဲအတိုင်းဆက်ပြောနေသည်။
"နောက်တစ်ကား ထပ်ထွက်ဖို့ဆိုတာ အနည်းဆုံး သုံးလေးနှစ်ကြာမှာပေါ့"
(အဲ့အချိန်ဆို ကျွန်မလည်းအလုပ်ကထွက်မြို့ပြန်ရောက်လို့ အမေသဘောတူတဲ့လူနဲ့ တွေ့ချင်တွေ့နေရလောက်ပြီ။
ဇွဲရဲ့ အခုလိုမျိုး ကျွန်မတို့နှစ်ယောက်အနာဂတ်မှာလည်း အတူတူဆက်ရှိနေအုန်းမယ့်အပြောမျိုးတွေပြောရင် ကျွန်မတကယ်ကို ဘာလုပ်ရမှန်းမသိတော့ဘူး။
သူကရင်ထဲကပါလို့ ပြောတာမဟုတ်ဘဲ ဒီအတိုင်းစကားအဖြစ်ပြောနေတာသိတော့ ကျွန်မမျက်နှာ ပျက်မသွားအောင် မနည်းထိန်းလိုက်ရင်းက ဟန်မပျက်ပဲပြုံးရီထားလိုက်ရတယ်)
"သွားကြည့်ကြမယ်နော် မကြည်သာ"
"အင်း အင်း ကြည့်မှာပေါ့ ကြည့်ကြတာပေါ့"
(အဲ့အချိန် ရှင်လည်း ကားအသစ်ကို ကောင်မလေးအသစ်နဲ့ကြည့်ရမှာပေါ့😔)
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...