ch-12

892 38 0
                                    

"ဟဲ့ နင် သတိထားမိလား။ ခုတလော မကြည်သာကြည့်ရတာ အရင်လို မဟုတ်တော့ဘူး"

"ဟုတ်တယ်။ခုဆိုရုံးလာရင် မိတ်ကပ်လည်းလိမ်းလာတယ်၊ ဆံပင်ဆိုလည်း လှလှပပပြင်လို့၊ အရင်က အင်္ကျီဆို ကုတ်အမဲကြီးပဲအမြဲဝတ်နေရာကနေ ခုဆို fashionကျကျ ဝတ်တတ်လာတယ်။ ပိုလည်းကြည့်ကောင်းလာတယ်နော်။"

"အေး အားလုံးကိုခြုံပြီး သုံးသပ်ရရင် အပျိုကြီး ရည်းစားရနေတာ သေချာတယ်"

လူကိုရှေ့ထားပြီး ပြောသမျှ စကားတွေကို ကြည်သာကြားနေရပေမယ့်လည်း မကြားချင်ယောင်ဆောင်၍ လုပ်စရာ အလုပ်များကို ဆက်လုပ်နေလိုက်သည်။

တစ်ခါတစ်လေ ဟိုsaleကချီးထုပ်တွေနဲ့ တိုးရင် လူကို လှောင်သလို သနားကြည့်ကြည့်ပြီး ကျွတ်ကျွတ်ကျွတ် လုပ်‌ပြရင်လည်း
ကြည်သာ လျစ်လျူရှုထားလိုက်သည်။

(ပြောချင်တာပြော ဂရုမစိုက်ဘူး။ငါက နောက်လဆို အလုပ်ထွက်ပြီ😛)

လုပ်စရာတွေ လက်စသတ်လိုက်ပြီး ရုံးဆင်းလာတော့ အောက်ထပ်မှာ စောင့်နေသော ဇွဲထက်ကို တွေ့လိုက်သဖြင့်

"ဟင် ကိုဇွဲထက် ဒီနေ့လည်း စောင့်နေပြန်ပြီလား???
ကျွန်မက အမြဲလိုလို OTဆင်းပြီး နောက်ကျနေကျဆိုတော့ နေ့တိုင်းမစောင့်နဲ့လေ"

ကြည်သာ့ စကားကြောင့် ဇွဲထက်က မျက်နှာငယ်လေးဖြင့်

"ဘာလည်း ကျွန်တော်ခုလိုစောင့်တာ ကြည်သာ စိတ်ရှုပ်ရလို့လား"

(အွန်းးးး ဘယ်လိုရုပ်လေးလုပ်ပြပြီး ပြောနေတာလည်းကွယ်။ အဆူခံနေရတဲ့ ပါပီလေးလို လုပ်ပြမှတော့ ဒီက ဘယ်လိုလုပ်ရမလဲ🥰😍
ခုတလော ဇွဲကြည့်ရတာ ကျွန်မနဲ့ ပိုပိုပြီးရင်းနှီးလာသလိုပဲ)

"မဟုတ်ရပါဘူး။ ပင်ပန်းမှာစိုးလို့ပြောတာပါ။ တူတူပြန်ရတော့ ကြိုက်တာပေါ့လို့"

"‌ဪ မင်းခန့်ကပြောတယ် နောက်ပိတ်ရက်ကြရင် ကျွန်တော်တို့ လေးယောက်ခရီးအတူထွက်ဖို့ သူနဲ့ကေခိုင် စီစဉ်နေတယ်တဲ့"

(မိကေက ဘယ်လိုလုပ် မင်းခန့်နဲ့ အဆက်သွယ်ရှိသွားတာလဲ???? Double date ကြမလို့လား? အဲ့လိုသွားမေးရင်လည်း စိတ်ဆိုးအုန်းမယ်)

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now