"ဟဲ့ မိသာ နင့်ပုံစံက ဇွဲထက်ရှေ့ဆို အမြဲအဲ့လိုနေတာလား???"
"ဟမ် ငါက ဘယ်လိုဖြစ်နေလို့လဲ?"
"မဟုတ်ဘူးလေ၊ မျက်နှာထားကနည်းနည်းတည်ပြီး ကိုယ်လုံးကတောင့်တောင့်ကြီးဖြစ်နေသလားလို့၊ ငါနဲ့ဆိုအဲ့ရုပ်မှ မဟုတ်တာ"
"ဪ အဲ့တာလား၊ ငါကရုံးမှာဆိုအမြဲ တည်တည်နေနေကြလေဟယ်။ တော်ကြာ ရုတ်တရတ်ကြီး ရယ်ပြုံးပြလိုက်မှ လန့်သွားမှာစိုးလို့
ဒီအလောင်းအစားပြီးသွားချိန်အထိ ငါက အမှတ်တရကောင်းလေးတွေပဲ ဖန်တီးချင်တာ။
ဇွဲအတွက် အတိတ်ဆိုးတစ်ခု၊ ဝန်ထုတ်ဝန်ပိုးတစ်ခုအဖြစ်နဲ့ အမှတ်ရနေမှာမျိုးတော့ မလိုလားဘူး"ပြောရင်းက အသံတိမ်ဝင်ကာ ငြိမ်သက်သွားသော ကြည်သာ့ကိုကြည့်ပြီး ကေခိုင် သက်ပြင်းချမိသည်။
ဇွဲထက်ဆိုတဲ့လူက အရှေ့ရှေ့တွေမှာ တွဲခဲ့တဲ့ မိန်းကလေးတွေကို ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ပုံရသည်။
ကြည်သာပြောပြပုံအရဆို သူ့ကိုလာဖွင့်ပြောရင် okayဆိုပြီးတွဲလိုက်တယ်။ သူ့ကိုဖြတ်သွားရင်လည်း byeဆိုပြီးကျန်ခဲ့ဖို့ဝန်မလေးတဲ့သူမျိုး။
ဒါပေမယ့် ခုကြည့်ရသလောက်တော့ သူကြည်သာ့ကိုကြည့်တဲ့ အကြည့်တွေက ချစ်ရိပ်တွေလွှမ်းနေတယ်။ ဆက်ဆံတဲ့အပြုအမူတွေကလည်း လေးနက်နေတယ်။ အလောင်းအစားအတွက် လိုက်နေတဲ့ မိန်းကလေးကို အဲ့လောက်ထိ လုပ်ပြစရာ လိုလို့လား????
ခု သူတို့နှစ်ယောက်တွဲတာ နှစ်ပတ်ရှိပြီဆိုတော့၊ ဒီကြားထဲ စိတ်ပြောင်းပြီ အတည်ကြိုက်သွားတာများလား?
အွန်း ဇွဲထက်နဲ့ပတ်သတ်ပြီး ဒီထက်ပို သိဖို့တော့လိုလာပြီ။
နောက်ရက် ကေခိုင် ရုံးအဆင်း ဘတ်စ်ကားဂိတ်ကို လမ်းအလျှောက် မင်းခန့်ဆိုတဲ့ တစ်ယောက်နှင့် တည့်တည့်တိုးတော့သည်။
"ဟာ မကေခိုင်ပါလား။ ဘာလဲ အလုပ်က ဒီနားတင်လား။ တိုက်ဆိုင်တယ်နော်၊ ကျွန်တော့် အလုပ်လည်း ဒီနားပဲ။ ဘယ်လိုလဲ တွေ့တုန်းတွေ့ခိုက် ကော်ဖီလိုက်သောက်ပါလား😏"
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...