(ဘာကို ဝန်ခံမှာလဲ?
အလောင်းအစားကိစ္စကို ဝန်ခံတော့မှာလား။
ငါနဲ့ဆက်ပြီးဟန်ဆောင်မတွဲနိုင်တော့ဘူးလား။ ငါ ဇွဲမကြိုက်တဲ့ အမှားတစ်ခုခုလုပ်ခဲ့မိလို့လား။ဘာလို့လဲ အလုပ်ထွက်ဖို့ကနှစ်ပတ်ပဲ ကျန်တော့တာလေ....အဲ့အချိန်ထိ ဆက်ပြီးတွဲလို့မရဘူးလား)
"အမှန်အတိုင်ဝန်ခံရရင်၊ ကျွန်တော်အစက ကြည်သာ့ကိုတွဲဖို့ပြောခဲ့တာက..."
"နေပါအုန်းးးး"
(မပြောပါနဲ့အုန်း။
သူတကယ်ပြောတော့မယ်။ငါဘာလုပ်ရမလဲ။
ကျွန်မသိပြီးသားပါ၊ ဇွဲနဲ့တွဲချင်လို့ မသိချင်ဟန်ဆောင်ပြီး တွဲခဲ့တာပါ။ နှစ်ပတ်လောက်ပဲ ဆက်တွဲပေးပါလို့ ပြောလိုက်ရမလား???
အဲ့လိုပြောလိုက်ရင်လည်း ဇွဲလို မငြင်းတတ်တဲ့လူက အားနာပြီး ဆက်တွဲပေးမှာပါပဲ။
ဒါပေမယ့် ငါ့ကိုချစ်လို့တွဲတာမျိုးမှ မဟုတ်တာ😓
အဲ့လိုပြောကြေးဆို ခုလည်းချစ်လို့တွဲနေတာမှ မဟုတ်တာ🥺)
တွေးရင်းတွေးရင်း ဝမ်းနည်းလာသဖြင့် ကြည်သာ မသိလိုက်ခင်မှာပင် ပါးပြင်ပေါ်သို့ မျက်ရည်စီးကြောင်းလေးက ဖြတ်စီးသွားပြီဖြစ်သည်။
"ဟင် ကြည်သာ ငိုနေတယ်"
ဇွဲ စကားကြောင့် ကိုယ့်ပါးကို စမ်းလိုက်တော့ ဟုတ်ပါရဲ့ မျက်ရည်တွေ
မျက်ရည်တွေပြည့်အိုင်နေသည့် မျက်လုံးရွဲကြီးများဖြင့်သူ့ကို မော့ကြည့်နေသော ကြည်သာ့၏ မျက်ဝန်းလေးများကို ဇွဲထက် နှုတ်ခမ်းများဖြင့် အသာအယာထိကပ်နမ်းရှိုက်လိုက်သည်။
ထို့နောက် အတန်ငယ် တုန်ရီနေသော နှုတ်ခမ်းပါးလေးများထံသို့ ခိုနားလိုက်ရင်း ရင်ခုန်သံများရွက်လွှင့်လို့ အနမ်းများစီးမျောနေကြစဉ်
"ဖြန်း"
"နင်နဲ့ အဲ့တစ်ယောက်က ဘာတွေလဲ။ ငါရှိရက်နဲ့တောင် နောက်တယောက်နဲ့တွဲရဲသေးတယ် ဟုတ်လား"
"မတွဲပါဘူးကွာ။ သူက အထင်လွဲလောက်အောင် အတင်းလိုက်ကပ်နေတာပါ။ တကယ်ပါ သဲရယ် မောင့်ကိုယုံပါ"
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...