ch-18

1.1K 45 0
                                    

ပြန်လင်း လာသော မီးရောင်များကြောင့် ကြည်သာနှင့် ဇွဲ ကိုယ်ချင်းပြန်ခွာလိုက်ကြသည်။

အရှေ့ခုံက လူတစ်ယောက်က ဇွဲတို့အတွဲကို ကြည့်ကာ သူ့အဖော်ကို ရယ်ကြဲကြဲရုပ်ဖြင့် 'ကားက‌တော်တော် ကောင်းတယ်နော်'ဟု ပြောလိုက်သဖြင့် ကြည်သာခေါင်းလေးကို ငုံ့ရင်းမျက်နှာကို ဆံပင်ဖြင့်ကွယ်ထားလိုက်မိသည်။

အခုမှ အရှက်ကြီးရှက်ကာ ခေါင်းကိုငုံ့၍ ထိုင်ခုံမှ မထသော ကလေးမကိုကြည့်ပြီး ဇွဲရယ်လိုက်မိသည်။

"ဟေ့ ပြန်မယ်လေ၊ မပြန်တော့ဘူးလား၊ ဒီမှာပဲနေတော့မလို့လား"

(အခုလို ဖြစ်တာ သူ့ကြောင့်လေ။ စနမ်းလိုက်တဲ့သူက ကြည်သာဆိုတာမှန်ပေမယ့်၊ သူကအဆုံးသတ်ခွင့်မပေးတော့.... အခုလူတွေကြားထဲ ရှက်လိုက်တာ၊ မျက်နှာကို ဘယ်နားသွားထားရမယ်မသိတော့ဘူး)

ဇွဲ ကြည်သာ့ လက်ကလေးကိုဆွဲကာ ထူလိုက်ပြီး

"လူတွေလည်း ကုန်သလောက်ဖြစ်နေပါပြီ ကြည်သာရဲ့။ လာပါ၊ ရှက်မနေပါနဲ့တော့ သမီးရည်းစား ရုပ်ရှင်ရုံထဲမှာ နမ်းတာများ အစမ်းလုပ်လို့"

လူကို မျက်စောင်းထိုးနေသည့် ကောင်မလေးကို အသဲယားလွန်းလို့ အိမ်ခေါ်သွားချင်စိတ် ပေါက်လာမိသည်။ မဖြစ်သေးပါဘူး အရှုပ်ထုပ်‌မရှင်းရသေးဘဲ အဲ့အဆင့်ကို တက်လို့ မဖြစ်သေးဘူး။
ကိုယ့်စိတ်ကို ထိန်းချုပ်လိုက်ပြီး သူ့ကြောင့်အတန်ငယ်ဖူးယောင်နီမြန်းသွားသော နှုတ်ခမ်းလေးကို ဖွဖွ တစ်ချက် ထပ်နမ်းလိုက်မိပြန်သည်။

"ကိုနော် ဘယ်လိုဖြစ်နေလဲ"

ထိုစဉ် ဇွဲရဲ့ ဖုန်းက မြည်လာသဖြင့်ကြည့်လိုက်တော့ ရုံးကဖြစ်နေ၍ ကိုင်လိုက်ရသည်။

"ဗျာ အဲ့ဒါတွေအကုန် ကျွန်တော်သောကြာနေ့ထဲက Client ဆီ mailပို့ပေးပြီးပြီလေ...

မရှိဘူး ဟုတ်လား၊ ဘာလို့ မရှိရမှာလဲ။

ကျွန်တော့ ကွန်ပျူတာထဲတော့ရှိတာပေါ့။

ဟာ ခုက အပြင်မှာ ဗျ။

အွန်းအွန်း အိမ်ပြန်ရောက်ရင် ပို့ပေးမယ်"

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now