ch-7

938 40 0
                                    

ဇွဲထက် အခန်းကိုပြန်ရောက်တာနဲ့ နံရံကိုအရုပ်ကြိုးပျက်မှီပြီး ထိုင်ချလိုက်တယ်။

(အခုဏတုန်းက ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ မိန်းကလေးတစ်ယောက်ကို အိမ်ကိုဖိတ်ဖို့ကြိုးစားခဲ့မိတယ် ဟားးးးး)

ကျွန်တော်နဲ့တွဲခဲ့သမျှ မိန်းကလေးတော်တော်များများကို ကိုယ့်ဖက်ကစခဲ့တယ် ဆိုတာရှားပါတယ်။

သူတို့က တွဲရအောင်လို့လာပြောရင် ငြင်းရမှာ အားနာလို့ တွဲဖြစ်သွားတာများတယ်။ ပြတ်ကြရအောင် ပြောရင်လည်း လွယ်လင့်တကူ ပြတ်ပေးလိုက်တယ်။

ပြတ်ပြီးမကြာဖူး နောက်တစ်ယောက်က ထပ်ရောက်လာပြန်တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ play boy ဆိုတဲ့ နာမည်တစ်ခု အလိုလိုရလာတာပါပဲ။

အရင်ရည်းစားတွေနဲ့ ဒိတ်ရင် စိတ်ကပေါ့ပါးမနေဘူး၊ အားနာလို့ လိုက်လျောနေရတဲ့ခံစားချက်ကြီးကရှိနေတယ်။

ဒါပေမယ့် မကြည်သာကတော့ ကျွန်တော်အရင်က တွဲခဲ့ဖူးတဲ့ရည်းစားတွေနဲ့မတူ တမူထူးခြားသူတစ်ယောက်ပေါ့။

အကြိုက်ချင်းတူကြတယ်။ သူနဲ့စကားပြောရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ သူနဲ့ဆို ဘာပြောရမလဲစဉ်းစားစရာ မလိုအောင်ကို စကားတွေက သူ့အလိုလိုထွက်လာတာ။ ဒိတ်လုပ်နေတဲ့တလျှောက်လုံးလည်း စိတ်ကလွတ်လပ်ပေါ့ပါးပျော်ရွှင်နေတယ်။

မကြည်သာနဲ့က တွေ့ပြီးရင်းတွေ့ချင်တယ်။ စကားတွေအထပ်ထပ်ပြောချင်တယ်။ တခါတခါ မကြည်သာနဲ့စကားပြောနေရတာ ယောင်္ကျားလေး‌ဘော်ဒါတစ်ယောက်နဲ့ပြော‌ရသလိုကို လေပေးဖြောင့်တာ။

အဲ ယောင်္ကျားလေးဘော်ဒါတွေနဲ့ မတူတဲ့အချက်တော့ရှိတာပေါ့။

ပုံမှန် ခပ်တည်တည်နေတတ်တဲ့
မကြည်သာက တစ်ချက်တစ်ချက်ကျွန်တော့်ကိုကြည့်ပြီးများ ပြုံးပြလိုက်ရင် ကျွန်တော့်နှလုံးသားထဲ လျှပ်စီးတစ်ကြောင်း ဖြတ်စီးသွားသလို နွေးထွေးတဲ့ ခံစားချက်တွေနဲ့ပြည့်နှက်သွားတယ်။

အဲ့လို ခံစားချက်မျိုး အရင်ကောင်မလေးတွေနဲ့တုန်းက မခံစားခဲ့ဖူးဘူး။

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now