"အာာ..ကို ပါးစပ်ဟ ဒီကိတ်လေးက
တအားကောင်းတယ် စားကြည့်""သဲကလည်း လူတွေနဲ့ကို "
ကော်ဖီဆိုင်ထဲမှာ ချစ်သူကို ကိတ်မုန့်ခွံကျွေးနေတဲ့ကောင်မလေးရယ်၊ ရှက်ကိုးရှက်ကန်းနဲ့ စားလိုက်တဲ့ကောင်လေးအတွဲကို ကြည်သာ ငေးကြည့်နေမိသည်။
(အင်း အဲ့လောက်တော့ မရိုရဲသေးဘူးရယ်)
"မကြည်သာ.."
"ရှင် ရှင် ကိုဇွဲထက် ဘာပြောလိုက်တာလဲဟင်"
"မပြောပါဘူး။ မကြည်သာ ပင်ပန်းနေပြီမဟုတ်လား?
ကြည့်ရတာ ဌာနမှာ မကြည်သာတစ်ယောက်တည်း OTဆင်းတယ်နော်"
"ဟုတ်တယ် အလုပ်တွေက လုပ်စရာအများကြီးကျန်နေသေးလို့"
အလုပ်အကြောင်းတွေးလိုက်တာနှင့် ကြည်သာ့ခေါင်း ငိုက်စိုက်ကျသွားသည်။
(ငါတစ်ယောက်တည်းယူထားတဲ့ အလုပ်တာဝန်အများကြီးကို....ငါအလုပ်ထွက်တဲ့အချိန်ကြရင်၊ ကျန်ခဲ့တဲ့ အငယ်လေးတွေ ဘယ်လိုများ ခွဲလုပ်ကြမယ် မသိဘူး?????
အင်းးး အလုပ်ထွက်ဖို့ ပြင်နေတဲ့အကြောင်း ဇွဲကို မပြောပြချင်ဘူး။
စကားလမ်းကြောင်းလွှဲမှပါလေ"
ဇွဲထက် ခေါင်းငိုက်စိုက်ဖြင့် ငြိမ်ကျသွားသော မကြည်သာကို နှစ်သိမ့်သည့် အနေဖြင့် ခေါင်းလေးကို လက်ဖြင့် ခပ်ဖွဖွ ပွတ်ပေးလိုက်မိသည်။
(ဘုရားရေ....ဇွဲက ဘာမှမထူးဆန်းတဲ့ကိစ္စလို ငါ့ခေါင်းကိုပွတ်ပေးနေတယ်!
နေပါအုန်း ခုငါ့ကို ခွေးလေး၊ကြောင်လေးတွေလို ဆက်ဆံနေတာလား???)မျက်နှာက စတော်ဘယ်ရီသီးလို ရဲတက်လာသော မကြည်သာကြောင့် ဇွဲထက် ကိုယ့်လက်ကို ပြန်ရုတ်လိုက်ပြီး
"ဟို sorryနော်၊ ခွင့်မတောင်းပဲလုပ်လိုက်မိလို့ !
မကြည်သာက ခေါင်းကိုကိုင်တာ မကြိုက်ဘူးထင်တယ်?""ဟုတ်ပါဘူး။ ကြိုက်ပါတယ်။ နောက်ထပ်စက္ကန့်ပိုင်းလောက် ထပ်ပုတ်ပေးပါလား"
"ဗျာ စက္ကန့်အနည်းငယ်?
ဟားဟဟား မကြည်သာက နောက်တတ်သားပဲ"(ဘယ်သူက နောက်နေလို့လဲ။ အတည်ပြောနေတာကြီးကို🥺)
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...