ch-19

1.2K 42 0
                                    

ဇွဲထက် အသိပြန်ဝင်ချိန် ကြည်သာနောက်မှ အပြေးလိုက်ရှာသော်လည်း အရိပ်မျှပင်ဖမ်းမမိတော့ချေ။

ဖုန်းခေါ်တော့လည်း ဖုန်းက စက်ပိတ်ထားသည်။ ပို့သမျှစာတွေကိုလည်း ဖတ်ပုံမပေါ်သဖြင့် ကြည်သာ့ ရုံးခန်းသို့ လူကိုယ်တိုင် လိုက်သွားလိုက်သည်။

"မကြည်သာက ဒီနေ့ပဲအလုပ်ထွက်သွားပြီလေ။ ခုလေးတင် ပစ္စည်းတွေ သိမ်းပြီးပြန်သွားပြီ"

"ဟမ် ချက်ချင်းကြီး အဲ့လို အလုပ်ထွက်လို့ ရလို့လား???"

"ဘယ်က ချက်ချင်းရမှာလဲ။ ပြီးခဲ့တဲ့ ၂လလောက်ထဲက အလုပ်တွေ လွှဲပေးပြီး ထွက်စာတင်ထားတာလေ။ အစ်ကို့ကို အစ်မက မပြောပြထားဘူးလား"

လွန်ခဲ့တဲ့ နှစ်လ ဒါဆို စတွဲဖို့ပြောတဲ့အချိန်လောက်တည်းက အလုပ်ထွက်ဖို့ စီစဉ်နေတာပေါ့.....

(ကြည်သာ့ကို ဆုံးရှုံးမှာကြောက်လို့၊ သူမုန်းသွားမှာ ကြောက်လို့ ဝန်ခံဖို့တွေဝေခဲ့သမျှ ခုတော့ အလကားပဲ။

မပြောပဲ နှုတ်ပိတ်ပြီးနေခဲ့လည်း ကြည်သာကတော့ ထွက်သွားခဲ့ပြီ။
အစောတည်းက ရိုးရိုးသားသားပြောပြခဲ့ရင် အခြေအနေတွေဟာ ပြောင်းလဲသွားနိုင်မလား....?)

နှစ်လတွဲခဲ့ကြပေမယ့် ကြည်သာက သူ့ကို စည်းတစ်ခုခြားကာ ဆက်ဆံခဲ့မှန်း အခုမှ သဘောပေါက်လိုက်သည်။

ကြည်သာ့တိုက်ခန်းက ပြန်အပ်သွားပြီပြောသည်။ ကြည်သာ့ မိဘအိမ် ဘယ်မှာရှိလဲ သူလည်းမသိဘူး။ ကြည်သာ ဖုန်းလေးစက်ပိတ်ပြီး အလုပ်ထွက်လိုက်ရုံဖြင့် သူကြည်သာ့ကို ဘယ်လို ဆက်သွယ်ရမည်မသိတော့။

ကြည်သာက ရုံးမှာလည်း အပေါင်းအသင်းမရှိတော့ ဘယ်သူမှ သူ့ကို မကူညီနိုင်။ ကြည်သာ့ သူငယ်ချင်းဆိုလို့ ကေခိုင်တစ်ယောက်သာ သူသိသည်။ ခက်တာက ကေခိုင့်ဖုန်းနံပါတ်သူ့မှာ မရှိ။

(ဟာ မင်းခန့် ဟုတ်တယ်၊ အဲ့ကောင် ကေခိုင်နဲ့အဆက်အသွယ်ရှိတယ်)

"ဟယ်လို မင်းခန့် မင်းခန့် ငါ့ကို ကေခိုင့် ဖုန်းပေးစမ်းပါကွာ"

"ငါ-ီးထဲမှ ဖုန်းနား ကပ်မအော်နဲ့ဟ။ ငါ့နားကန်းတော့မှာပဲ။ ဘာကိစ္စနဲ့ မင်းက ကေခိုင့်ဖုန်း လိုချင်ရတာလဲ? ဆိုစမ်းပါအုန်း"

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now