"ဘောလုံးလေ့ကျင့်ဖို့..?"
"အွန်းနောက်ပတ် တနင်္ဂနွေ မကြည်သာလိုက်ခဲ့ပါလား"
"အပျော်ကန်ကြတာဆိုတော့ မိန်းကလေးတွေလည်းပါတယ်၊ မကြည်သာ ဝင်ဆော့ချင်လဲရတယ်"
"ဒါပေမယ့် ကျွန်မလိုက်လို့ကောင်းပါ့မလား။ ကိုဇွဲထက် ပိတ်ရက်သူငယ်ချင်းတွေနဲ့တွေ့မှာ ဆိုတော့"
"ဘာဖြစ်လည်း လိုက်လို့ရတာပေါ့။ ပိတ်ရက်ဖြစ်ဖြစ်၊ ရုံးတက်ရက်ဖြစ်ဖြစ် မကြည်သာက ကျွန်တော့ကောင်မလေးပဲကို"
(ဘာတဲ့ 💃ခုကြားလိုက်တာဘာတဲ့ ကျွန်တော့်ကောင်မလေး 💃ကျွန်တော့်ကောင်မလေးတဲ့ 💃)
"ဟဲလို ဟဲလို မကြည်သာ ကြားရလား"
"ဟုတ် ဟုတ် ကြားတယ် ကြည်သာ့ သူငယ်ချင်းကိုရော ခေါ်လာလို့ရမလား?"
"ရတာပေါ့"
"ဒါဆို see u Sunday နော်"
ဇွဲနဲ့ဖုန်းချပြီးတာနဲ့ ကေကေဆီ တန်းဆက်လိုက်ပြီး
"မိကေရေ......အဲ့လိုအဲ့လိုဘဲ။ အဲ့ဒါနင် ငါနဲ့ဘောလုံးကွင်းလိုက်ခဲ့ပေးပါလား? ဟွန်လို့ သူငယ်ချင်းလေး လိုက်ခဲ့ပေးပါနော် နော်"
"ဘာကိစ္စကြောင့် ငါကလိုက်ရမှာလဲ။ မလိုက်နိုင်ဘူး။ နင့်ဟာနင်သွား"
"နင်ကလည်း ငါက ဇွဲနဲ့ပတ်သက်ရင် သရုပ်ပျက်တတ်တာနင်သိသားနဲ့။ တော်ကြာ သူဘောလုံးကစားလို့ ချွေးတဒီးဒီးကျနေတဲ့ ပုံစံလေးရယ်။ ချွေးတွေစိုပြီးကပ်နေတဲ့ တီရှပ်အောက်က မြင်နေရမယ့်ကြွက်သားမြောင်းလေးရယ် အဲ့တာတွေသာမြင်လိုက်ရရင် ငါဟန်မဆောင်နိုင်အောင်ဖြစ်နေမှာ ဟ။ အဲ့လိုဖြစ်တဲ့ အချိန်အနားမှာ သတိပေးမယ့်လူလိုတယ်လေဟာ"
"ဟားးးကောင်မ နင့်ကိစ္စကြီးပဲ။ ပြီးရော လိုက်ခဲ့မယ်။ လိုက်ခဲ့ပြီး ငါ့သူငယ်ချင်းကို လှည့်ဖျားထားတဲ့ အဖိုးတန်မျက်နှာကို လိုက်ကြည့်ဦးမယ် ကျေနပ်ပြီလား"
~~~~~~~~~~~~~~~~~~~~~~~~~~ဘောလုံးကွင်း၌
"ဟဲ့ မိကေ နင့်ရုပ်ကြီးက နည်းနည်းလျော့စမ်းပါ။ အဲ့လောက်ကြီး တင်းမထားစမ်းနဲ့။"
YOU ARE READING
နှလုံးသားလေး လောင်းကြေးထပ်မယ်
Romance(Unicode+Zawgyi) ကြိတ်ကြိုက်နေရတဲ့သူက အလောင်းအစားလုပ်ပြီး လာဖွင့်ပြောတာကို သိသိရက်နဲ့ လက်ခံလိုက်ပြီးနောက် သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ..... ဒီဇာတ်လမ်းက OC မဟုတ်ပါဘူးနော်။ Goodbye's Love Begins With Betting manga ကိုကြိုက်လို့ fiction အသွင်ပြောင်းထ...