ch-20(final)

2.7K 68 0
                                    

(ဘာလိုလိုနဲ့ အလုပ်က ထွက်ပြီး အိမ်ပြန်လာတာ နှစ်ပတ်ရှိသွားပြီ။

အိမ်ကိုတော့ အလုပ်ထွက်လာတယ် မပြောပဲ vacation ရလာတယ်ပြောထားတယ်။
(မဟုတ်ရင် ယောင်္ကျားချက်ချင်းပေးစားလိုက်လိမ့်မယ်)

ကို့ဆီက ဖုန်းခေါ်တာတွေ၊ စာပို့တာတွေ အဆက်မပြတ်ရပေမယ့်၊ ကိုင်ရဲတဲ့သတ္တိ စာတွေဖတ်ရဲတဲ့သတ္တိမရှိတာမို့၊ နံပါတ်အသစ်ပြောင်းကိုင်လိုက်တယ်။

ကို့‌အကြောင်းတွေးလိုက်တိုင်း ရင်ဘတ်ထဲက တဆစ်ဆစ်နာတုန်း၊ မျက်လုံးမှာ မျက်ရည်ကဝှေ့တက်လာတုန်းပဲ။

အချိန်တစ်ခုကြာသွားရင်တော့ ဒဏ်ရာကအနာကျက်ပြီး အမာရွတ်ပဲကျန်တော့တဲ့အချိန်ရောက်လာမယ် ထင်ပါတယ်။

"ဟယ် ကေကေ ပါလား။ မတွေ့တာတောင်ကြာပြီ၊ ငါ့သမီးကတော့ ပိုချောပိုလှလာတာ ရန်ကုန်သူစစ်စစ်ကြီးဖြစ်နေပြီ "

"ဟဲဟဲ အန်တီက အမှန်တွေကြီးပြောနေတော့တာပဲ။ မုန့်တွေသမီးရေခဲသတ္တာထဲ ထည့်လိုက်မယ်နော်၊ မိသာ ရော မတွေ့ပါလား"

"သမီး သူငယ်ချင်း သူ့အခန်းထဲမှာ၊ ရောက်ကတည်းက အခန်းပဲအောင်းနေတာပဲအေ"

"ဟုတ် သမီးသူ့ကို အပြင်ခဏ ခေါ်သွားမယ်နော် အန်တီ"

ကေကေ အိမ်ရောက်လာပြီး အတင်းခေါ်ထုတ်လာလို့ လူက မျက်နှာပြောင် အိမ်နေရင်းနဲ့ အပြင်ပါလာရသည်။ ခပ်လှမ်းလှမ်းက လျှောက်လာတဲ့ လူကိုကြည့်လိုက်ပြီး ကြည်သာတစ်ချက်ရီလိုက်သည်။

(ငါ့အခြေအနေက မသက်သာတဲ့အပြင်ပိုဆိုးလာပါလား။ ခုဆို လူရိပ်မြင်ရင်တောင် ကိုလို့ထင်နေပြီ)

"မိကေရေ.... ငါတော့ ဇွဲကိုပဲနေရာတကာ မြင်ယောင်နေတယ်။ ဘယ်လို လုပ်ရမလဲ"

"ဘာကို မြင်ယောင်တယ် လုပ်နေတာလဲ။ လူအကောင်လိုက်ကြီး လိုက်လာတာတောင် အရိပ်လို့ ထင်မနေနဲ့၊ အဲ့မှာ နင်တို့ပြဿနာ သေချာရှင်းကြ၊ တကယ်တည်း ငါ့ပဲ လာလာအမှုပတ်နေကြတယ်။ ငါသွားပြီ မိန်းမ"

(ကို လိုက်လာတယ်။ ဟင့်အင်း ကိုနဲ့‌တွေ့လည်းတွေ့ချင်တယ်၊တွေ့လည်း မတွေ့ချင်ဘူး)

နှလုံးသားလေး လောင်းကြေးထပ်မယ်Where stories live. Discover now